Social Icons

Pages

Tuesday, September 11, 2018

ရှုခင်းသာလမ်းပိုင်းရှိ ရေနုတ်မြောင်းကျိုးပေါက်ပြိုလဲမည်ကို ခရီးသွားများ စိုးရိမ်နေ



လားရှိုး ၁၁-၉-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီး ကွတ်ခိုင်နှင့် မူဆယ်ကြား ရှုခင်းသာလမ်းပိုင်းရှိ ရေနုတ်မြောင်း ကျိုးပေါက်ကာပြိုလဲမည်ကို ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများ စိုးရိမ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မူဆယ်-ကွတ်ခိုင်လမ်းပိုင်း မိုင်တိုင်အမှတ် (၂၃၄/၄)နှင့် (၂၃၄/၅) ကြားရှိ ရေနုတ်မြောင်းမှာ အက်ကွဲနေခြင်းကြောင့် ခရီးသွားပြည်သူများ သွားလာရာတွင် စိုးရိမ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။"တွေ့နေတာ ကြာပါပြီ။ တဖြည်းဖြည်းနဲ့ အက်ရာက ကြီးလာတယ်။ ပြိုကျရင် ချောက်ထဲကိုကျမှာပါ။ ကားကြီးတွေနဲ့ ခရီးသည် တင်လေအိတ်တွေရော အားလုံးအတွက် စိုးရိမ်ရပါတယ်"ဟု ကားလေးယာဉ်မောင်း ကိုဇေယျာစိုးက ပြောပြသည်။

အဆိုပါ ပြည်ထောင်စု လမ်းမကြီးတွင် လမ်းချဲ့ခြင်း၊ လမ်းပြုပြင်ခြင်းများ ပြုလုပ်နေခြင်းကြောင့် မိုးရွာချိန်များတွင် မြေပြိုခြင်းမှ လမ်းပေါ်ရောက်ကာ လမ်းချော်ခြင်းများ ဖြစ်ပွားနေကြောင်း၊ ယခုတွင်လည်း မြေသာများပါ အက်လိုက်နေကြောင်း ၎င်းက ပြောပြသည်။

"ကျွန်တော်တို့က ရှုခင်းသာ လမ်းအမြန်ပွင့်အောင် ဆောင်ရွက်ခဲ့တာပါ။ အခုပြန်ပြီးတော့ လိုက်လုပ်နေပါတယ်။ ဖို့မြေတွေဖြစ်လို့ မြေကျွံတာတွေ ဖြစ်တတ်ပါတယ်"ဟု အိုရီယမ်တယ် ဟိုင်းဝေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပြည်ထောင်စု လမ်းမကြီးကို လေးလမ်းသွား ခင်းနေခြင်းကြောင့် အချိုးကွေ့နေရာများတွင် နံရံများကို ဖောက်လုပ်ကာ မြေဖို့ခြင်းများ၊ ပြန်လည်ပြုပြင်ခြင်းများကို လိုက်လံ ဆောင်ရွက်နေကြောင်း ၎င်းကပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...