Social Icons

Pages

Wednesday, September 26, 2018

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်




နေပြည်တော် ၂၆-၉-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစု ဝင်များ သက်သာ ချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၃ဝ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသောလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ပို့ဆောင် ပေးသည်။ 

အဆိုပါ လေယာဉ်သည် ကိုကိုးကျွန်းမြို့မှ တပ်မတော်သားများနှင့် ဒေသခံပြည်သူ ၄ဝဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...