Social Icons

Pages

Thursday, September 6, 2018

ကျောက်ဆည် ခရိုင်အတွင်းရှိဆည်များမှ ရေလုံလောက်စွာရရှိပြီး မိုးစပါးစိုက်ပျိုးဧကများ စတင်စိုက်ပျိုးလျက်ရှိ


ကျောင်ဆည် ၆-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အတွင်းရှိ စိုက်ပျိုးမြေ ဧရိယာများသို့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်နွေစပါး၊ နွေသီးနှံ စိုက်ပျိုးရာသီကို ဆည်ရေဖြင့် အောင်မြင်စွာ စိုက်ပျိုးပြီးစီး သည့်နောက် မိုးစပါးစိုက်ပျိုး ဧကများလည်း ရေလုံလောက်စွာရရှိပြီး စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် ဇော်ဂျီရေလှောင် တမံနှင့်မြို့ကြီး ရေလှောင်တမံတို့မှ မိုးစပါး လျာထားဧက၏ ၉၈ ရာခိုင်နှုန်းခန့်ကို လည်းကောင်း၊ ကင်းတားရေလှောင်တမံမှ မိုးစပါးလျာထားဧက၏ ၈ဝရာခိုင်နှုန်းခန့် ကိုလည်းကောင်း စိုက်ပျိုးပြီးစီး လျက်ရှိရာ စိုက်ပျိုးဧက လျာထားချက် ပြည့်မီမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ယခုနှစ် မိုးရာသီကာလသည် ပျမ်းမျှရွာသွန်းမှုအောက် လျော့နည်းခဲ့သဖြင့် ဇော်ဂျီ၊ မြို့ကြီး၊ ကင်းတားရေလှောင် တမံတို့၏ သိုလှောင်ရေကိုသာ အားကိုးအားထားပြု၍ စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်ခရိုင်ရှိ ဆည်ရေသောက် ဧရိယာများတွင် ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီအတွက် ဇွန်လလယ်မှစတင်၍ စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ရေလှောင်တမံများ၏ ကန်တွင်းသိုလှောင်ရေအရ မိုးစပါးအောင်ရေထိ အောင်မြင်စွာ စိုက်ပျိုးရေပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...