Social Icons

Pages

Tuesday, September 11, 2018

ငွေကျပ်သိန်းပေါင်း ၉ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် ၁၁-၉-၂ဝ၁၈

မန္တလေး အမရပူရမြို့နယ် ကင်းဘတ်ကျေးရွာရှိ ထွန်းထွန်းနိုင်၏ နေအိမ်ကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်၏ အနောက်ဘက် ခြံစည်းရိုးအနီးရှိ မြေကြီးထဲတွင် မြှုပ်ထားသည့် ငွေကျပ်သိန်းပေါင်း ၃၈ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ဝ ဂရမ်ခန့်ထည့်ထားသော ဆပ်ပြာခွက် ၇၇ ခွက်နှင့် 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁ဝဝဝဝ တို့နှင့်အတူ ထွန်းထွန်းနိုင် (ဘ) ဦးညိုရောင်ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ် ဆေးဝါးများကို ကျောက်ဆည်မြို့နယ် ထနောင်းပင် လှကျေးရွာနေ ဇော်မင်းထွန်းက ဇွန် ၁၈ ရက်က လာရောက်အပ်နှံ ထားကြောင်း သိရှိရသဖြင့် ဇော်မင်းထွန်း (ဘ) ဦးခင်မောင်မြင့်၏ နေအိမ်ကို သွားရောက်ရှာ ဖွေရာထွက်ပြေး တိမ်းရှောင်သဖြင့် လိုက်လံဖမ်းဆီးစဉ် ကျောက်ဆည်မြို့နယ် ကုလကျေးရွာအနီးရှိ ဟံမြင့်မိုရ်-သံလမ်းကားလမ်းမ၌ ဖမ်းဆီးရမိခဲ့သည်။

အလားတူ မိုးကုတ်မြို့နယ် လယ်ကြီးကျေးရွာအနီးရှိ မိုးကုတ်မိုင်းလုံ ကားလမ်းရှိ လယ်ကြီးရဲကင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် များကို စစ်ဆေးစဉ် နံနက် ၁၁ နာရီခွဲခန့်တွင် ကျောက်မဲ-မိုင်းလုံဘက်မှ မိုးကုတ်မြို့ဘက်သို့ ယာဉ်မောင်း အစိုင်း(ဘ) ဦးအတိ မောင်းနှင်၍ အိုက်ရှိ(ဘ) ဦးစခမ်း၊အိုက်နု (ဘ) ဦးအိုက်ပူနှင့် အိုက်တီ (ဘ) ဦးအိုက်ဆုတ်တို့ လိုက်ပါလာသည့် SURF အမျိုးအစား မော်တော်ယာဉ် အမှတ်7D/------- ကို စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ကတ်ထူစက္ကူ သုံးပုံးအတွင်းမှ ဘိန်းဖြူမှုန့် ၄၈၅၄ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၃၈၂ခွက်၊ ကားခေါင်မိုးမျက်နှာ ကြက်ကြားမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၂ဝဝ (စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၅၄ဝဝ ကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၉ဝဝဝကျော်နှင့်အတူ ဖမ်းဆီးရမိသူများကို မိုးကုတ်မြို့ ရဲစခန်းနှင့် မြစ်ငယ်နယ်မြေ ရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...