ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း High Level Committee(HLC) ပူးတွဲအတွင်းရေးမှူးအဖွဲ့ အစည်းအဝေး Joint Secretariat Meeting အစည်းအဝေးကျင်းပစဉ်။
ထိုင်းဘုရင့်တပ်မတော် Department of Border Affairs မှ Director ဖြစ်သူ Lieutenant General Kumron Kearwichayajane တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ကြည့်ရှုလေ့လာစဉ်။
နေပြည်တော် ၁၅-၈-၂ဝ၁၈
ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း High Level Committee(HLC) ပူးတွဲအတွင်းရေးမှူးအဖွဲ့ အစည်းအဝေး Joint Secretariat Meeting အစည်းအဝေးတက်ရောက်မည့် ထိုင်းဘုရင့်တပ်မတော် Department of Border Affairs မှ Director ဖြစ်သူ Lieutenant General Kumron Kearwichayajane ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းထွတ်သိန်း၊ တပ်မတော်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူး Colonel Apichart Choopavang တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါထိုင်းဘုရင့်တပ်မတော် Department of Border Affairs မှ Director ဖြစ်သူ Lieutenant General Kumron Kearwichayajane ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ် သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Amara ၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ထိုင်း High Level Committee(HLC) ပူးတွဲအတွင်းရေးမှူး အဖွဲ့ အစည်းအဝေး Joint Secretariat Meeting သို့ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် ထိုင်းဘုရင့် တပ်မတော်မှ Lieutenant General Kumron Kearwichayajane တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး မြန်မာ-ထိုင်း High Level Committee(HLC) အစည်းအဝေးအတွက် Draft Meeting Agenda နှင့် Draft Agreed Minutes တို့ကို အတည်ပြုခြင်းနှင့်ပတ်သက်၍ လက်မှတ်ရေးထိုးကြပြီး နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးချုပ် ခင်ဇော်၊ ထိုင်းဘုရင့် တပ်မတော် Department of Border Affairs မှ Director ဖြစ်သူ Lieutenant General Kumron Kearwichayajane ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment