Social Icons

Pages

Monday, August 20, 2018

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနား ဘိုးဘွားရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်း


ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံ တပ်မတော် 
(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် ဆေးများ ဆက်ကပ်လှူဒါန်းစဉ်။

စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးထံအလှူရှင်များက ဆွမ်းပဒေသာပင်အလှူငွေများ
 ပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၂၀-၈-၂ဝ၁၈

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ပဲနှင့် ဆေးများအား မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဆွမ်းပဒေသာပင် အလှူငွေများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များနှင့်အလှူရှင်များက အသီးသီး ပေးအပ်လှူဒါန်းကြရာ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ပရိယတ္တိ စာသင်တိုက်များ၊ သာသနာ့နွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ပျဉ်းမနားဘိုးဘွားရိပ်သာသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂ဝဝ၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေ ၉၅၁၉၅၅ဝ ကျပ်၊ ဆန် ၇၂၈ အိတ် ၆ ပြည်၊ ဆီ ၂၃၆ ပိဿာ ၂ဝ ကျပ်သား၊ ပဲ ၁၇၁၂ ပိဿာ၊ ဆား၁၇၁၂ ပိဿာ၊ ငရုတ်သီးမှုန့် ၂၁ဝဝ ထုပ်နှင့် ဘူး ၁ဝဝဝ၊ နနွင်းမှုန့် ၇ဝဝ ထုပ်၊ မဆလာ၇ဝဝ ထုပ်နှင့် ဆေးမျိုးစုံ ၆၄၆ဝ ဘူးနှင့် ၃၆ဝထုပ်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...