Social Icons

Pages

Thursday, August 16, 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေဝင်ရောက်ခဲ့သောနေရာများ၌ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


တပ်မတော်သားများက ရေဝင်ရောက်ခဲ့သော ကျောင်းစာသင်ခန်းများအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၆-၈-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သြဂုတ် ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်မြစ်ရေ မြင့်တက်မှုကြောင့် ဒလမြို့နယ် အံ့ကြီးအရှေ့ရပ်ကွက်ရှိ အမှတ် (၁၅) အခြေခံပညာ မူလတန်းကျောင်းနှင့် တွံတေးမြို့နယ်
အုန်းပင်ချောင်း ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်ခဲ့သော နေရာများသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် ဒလတပ်နယ်မှ တပ်မတော်သားများက ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များနှင့် အမှိုက်များ ရှင်းလင်းပေးခြင်း၊ နုန်းများ ဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ကြသည်။

အလားတူ သြဂုတ် ၁၂ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပဲခူးမြစ်ရေလျှံမှုကြောင့် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၃) ရပ်ကွက်ရှိ မော်ကွန်းဝင် ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၄)
အခြေခံပညာ အထက်တန်း ကျောင်းအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက ရေဝင်ရောက်ခဲ့သော ကျောင်းစာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊နုန်းများဖယ်ရှားခြင်း၊ စာသင်ခုံများ ပြန်လည်နေရာ ချထားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...