တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Zahairi bin Baharim အား လက်ခံတွေ့ဆုံစဉ်။
နေပြည်တော် ၁၃-၇-၂ဝ၁၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံ အမတ်ကြီး H.E. Mr. Zahairi bin Baharimအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက် ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Col. Abdul Razak Haron နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ နှင့်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ထချစ်ကြည်ရင်းနှီးကောင်းမွန်သည့် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ သတင်းအချက်အလက် များအပြန်အလှန်ဖလှယ်ရေးနှင့် အကြမ်းဖက်မှု အန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးတွင် တပ်မတော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမ၀င်ကုန်သွယ်မှု များအား ပူးပေါင်းနှိမ်နင်းဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ အားကစားအဖွဲ့များ အပြန်အလှန် စေလွှတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်စစ်ဘက်ဆေးပညာများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များအား ရင်း နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်မြန်မာနိုင်ငံဆိုင်ရာမလေးရှားနိုင်ငံသံအမတ်ကြီးတို့ သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
#Themyawadydaily
No comments:
Post a Comment