Social Icons

Pages

Wednesday, July 11, 2018

ကျောက်ဆည်မြို့ အထည်ဆိုင်တစ်ဆိုင် ငွေကျပ် သိန်း ၁၈၀ ကျော်ဖိုးခန့် ဖောက်ထွင်းခိုးယူခံရ



ကျောက်ဆည် ၁၁-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အထည်ဆိုင် တစ်ဆိုင်တွင် ငွေကျပ်သိန်း ၁၈ဝကျော်ဖိုးခန့် ဖောက်ထွင်းခိုးယူ ခံရကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှ သိရသည်။

ကျောက်ဆည်မြို့ ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးတွင် ဖွင့်လှစ်ထားသည့် ချမ်းမြေ့အထည်ဆိုင်တွင် ဇူလိုင် ၉ ရက်နံနက် ၂နာရီခန့်က အထည်မျိုးစုံ ၆၈၅မျိုး ကာလတန်ဖိုးငွေကျပ် ၁၈၆ဝ၆ဝဝဝခန့် ဖောက်ထွင်း ခိုးယူခံရကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုတိယရဲမှူး သန်းကျော်ဌေးက ပြောပြသည်။

ကျောက်ဆည်မြို့ရှိ ချမ်းမြေ့အထည်ဆိုင် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် မန္တလေးမြို့ ဃှီု အဖွဲ့မှအရာရှိများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားမြို့နယ် များမှ ရဲစခန်းများနှင့်လည်း ချိတ်ဆက်၍ ဆောင်ရွက်နေကြောင်း သိရသည်။

"မန္တလေးမြို့က CID အဖွဲ့အရာရှိတွေနဲ့ ပူးပေါင်းပြီး အချင်းဖြစ်ပွားရာနေရာ မှန်ကောင်တာ တွေမှာကျန်ရှိမယ့် လက်ဗွေရာတွေရှိ၊ မရှိ စစ်ဆေးပါတယ်။ အရင်တုန်းက ခိုးမှုကျူးလွန်ခဲ့တဲ့သူတွေမှာ အခုလို အထည်တွေချည်း သီးသန့်ခိုးယူ နေတဲ့အဖွဲ့တွေရှိတယ် ဆိုတာသိလို့ တခြားရဲစခန်းတွေနဲ့လဲ ချိတ်ဆက် ဆောင်ရွက်ထားပါတယ်"ဟု ၎င်းက ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဆည်မြို့မ ရဲစခန်းက (ပ)၅၉၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈ဝ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...