Social Icons

Pages

Wednesday, July 11, 2018

လူသုံးဦးစီးလာသော ဆိုင်ကယ်ကို စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှု ပေါ်ပေါက်



သထုံ ၁၁-၇-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားရှမ်းရွာ ရန်ကုန်မော်လမြိုင် ကားလမ်းပေါ်တွင် ယနေ့ နံနက်ပိုင်းက လူသုံးဦးစီးလာသော ဆိုင်ကယ်ကို လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် နောင်ကုလားရှမ်းရွာ ကားလမ်းပေါ်တွင် လူသုံးဦးစီးလာ သောဆိုင်ကယ်ကို မသင်္ကာသဖြင့် ရပ်တန့်ခိုင်းရာ မရပ်ဘဲမောင်းပြေး သွားသဖြင့် လိုက်လံဖမ်းဆီး ခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးရာ လိပ်အင်းရပ်ကွက် သထုံမြို့နေသူ ညီငယ်(ခ)ဝေဖြိုးအောင်၊ ထွန်းလင်းဦး၊ ကျော်ထက်အောင်တို့ ဖြစ်ကြပြီး ၎င်းတို့စီးလာသော ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထား စစ်ဆေးရာ ပိုင်ဆိုင်မှု မပြနိုင်ဘဲ ခိုးယူလာသော ဆိုင်ကယ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ညီငယ်(ခ) ဝေဖြိုးအောင်၊ ထွန်းလင်းဦး၊ ကျော်ထက်အောင်တို့ သုံးဦးကို သထုံမြို့မရဲစခန်းက (ပ) ၆၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈ဝဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...