ရွှေကူ ၁၃-၇-၂ဝ၁၈
ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ရွှေဂဲကုန်းကျေးရွာရှိ ကျော်သူရ၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြားများနှင့် အတူ လူငယ်သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေကူမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အောင်မင်းနှင့် တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၁ ရက် ည ၇နာရီက မူးယစ်ဆေးဝါး သတင်းအရ ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ရွှေဂဲကုန်းကျေးရွာနေ ကျော်သူရ၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ နေအိမ်၌ ငှားရမ်းနေထိုင်သည့် အေးမြတ်မိုး၊ ထွန်းထွန်းဝင်း၊ ဖြိုးသီဟကျော်တို့ သုံးဦးကို နေအိမ်ဧည့်ခန်းတွင် တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်သက်ငယ်မိုးကြားမှ အပြာရောင်ကပ်ခွာ အိတ်အတွင်း ငွေကျပ် ၂၄ဝဝဝဝတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂ဝ၊ မူးယစ်ဆေးဝါး ရောင်းရငွေဟု ယူဆရသော ငွေကျပ် ၁၁၅ဝဝဝ ကို ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မအေးမြတ်မိုး၊ ထွန်းထွန်းဝင်း၊ ဖြိုးသီဟကျော် ရွှေကူမြို့နေသူသုံးဦးကို ရွှေကူမြို့မရဲတပ်ဖွဲ့စခန်းက မယ(ပ) ၂၈/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉ (က)/၂ဝ(က)/၂၁ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment