Social Icons

Pages

Monday, July 2, 2018

လျှပ်စစ်ဓာတ်အား အပြည့်အဝ အသုံးပြုနိုင်စေရန် ငွေကျပ်သန်းတစ်ထောင်ကျော် အသုံးပြုဆောင်ရွက်သွားမည်



စစ်ကိုင်း ၂-၇-၂ဝ၁၈

စစ်ကိုင်းခရိုင်အတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ အသုံးပြုနိုင်စေရန် ငွေကျပ်သန်း တစ်ထောင်ကျော် အသုံးပြုကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းခရိုင် လျှပ်စစ်ဌာနမှ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း ငွေကျပ်သန်း ၁၁၅၉ ဒသမ ၁၃၇ သန်းအသုံးပြု၍ စစ်ကိုင်း၊မြင်းမူ၊ မြောင်၊ဆားတောင်၊ရွာသစ်ကြီးမြို့တို့တွင် လျှပ်စစ်ထရန်စဖော်မာ အသစ်များ တပ်ဆင်ခြင်း လုပ်ငန်းများ၊ပြုပြင်ခြင်း လုပ်ငန်းများ၊ လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ၊ လိုင်းပြင်ဆင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"လျှပ်စစ်အန္တရာယ် ကင်းရှင်းဖို့ အတွက်နဲ့ လျှပ်စစ်ဗို့အား အပြည့်အဝအသုံးချ နိုင်ဖို့အတွက် ထရန်စဖော်မာ အသစ်တွေ တပ်ဆင်တာ၊ ဓာတ်အားလိုင်းတွေ ပြန်လည် ပြင်ဆင်တာတွေ၊ 11 KV လိုင်းတွေလဲတာတွေ၊ 400V လိုင်းပြုပြင်တာတွေ လုပ်နေပါတယ်။ စက်တင်ဘာဆိုလုပ်ငန်းတွေ ပြီးစီးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဆို ဗို့အားပြည့်ပြည့် အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားမှာပါ"ဟု စစ်ကိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်မြင့်က ပြောပြသည်။

စစ်ကိုင်းမြို့တွင် 200 KV ထရမ်စဖော်မာ ၁ဝ လုံးတိုးချဲ့တပ်ဆင်ခြင်း၊ 11 KV၊ 400V လိုင်းများတိုးချဲ့ တပ်ဆင်ပြုပြင်ခြင်း လုပ်ငန်းများစသည့် လုပ်ငန်း ၁၉ ခုအတွက် ငွေကျပ် ၃၃၃ သန်းကျော် လျာထားကြောင်း၊မြင်းမူမြို့နယ်တွင် ထရန်စဖော်မာ ခြောက်လုံးတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ အပါအဝင်လုပ်ငန်း ၁၂ ခုအတွက် လျာထားငွေကျပ်သန်း ၂၉ဝ ဒသမ ၅၅ သန်းဖြစ်ကြောင်း သိရသည်။

အလားတူ မြောင်မြို့နယ်တွင် 11 KV လိုင်းများတိုးချဲ့ခြင်း၊ 400V လိုင်းများပြုပြင်ခြင်း လုပ်ငန်းများ အပါအဝင် လုပ်ငန်း ရှစ်ခုအတွက် ငွေကျပ် ၁၄၃သန်း လျာထားကြောင်း၊ ဆားတောင်မြို့တွင် လုပ်ငန်း ကိုးခုအတွက် ငွေကျပ် ၂၆၄ ဒသမ ၉၁၅ သန်းလျာထား ကြောင်းနှင့် ရွာသစ်ကြီးတွင် လုပ်ငန်းနှစ်ခုအတွက် ငွေကျပ် ၁၂၇ဒသမ ဝ၄သန်းလျာထားကာ လျှပ်စစ်ထရန်စဖော်မာများ၊ လိုင်းများတိုးချဲ့ခြင်း လုပ်ငန်း၊ အစားထိုးခြင်း လုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...