Social Icons

Pages

Tuesday, July 3, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများ ဆောင်ရွက်



နေပြည်တော် ၃-၇-၂​ဝ၁၈

မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခြင်းနှင့် နတ်မြစ်အတွင်း ရေကြောင်းကင်း လှည့်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။

နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇွန် ၂၄ ရက်တွင် နယ်ခြားမှတ်တိုင် ၃၉မှ ၄ဝ ထိနှင့် နယ်ခြားမှတ်တိုင် ၄၈မှ ၄၉ထိလည်းကောင်း၊ ဇွန် ၂၅ရက်တွင် နယ်ခြားမှတ်တိုင် ၄၉မှ ၅ဝ ထိလည်းကောင်း၊ ဇွန် ၂၆ရက်တွင် နယ်ခြား မှတ်တိုင် ၄ဝ မှ ၄၁ထိနှင့် နယ်ခြားမှတ်တိုင် ၅ဝ မှ ၅၁ ထိလည်းကောင်း၊ ဇွန် ၂၇ ရက်တွင် နယ်ခြားမှတ်တိုင် ၅၁မှ၅၁-၅ ထိလည်းကောင်း၊ ဇွန် ၃ဝရက်တွင် နယ်ခြားမှတ်တိုင် ၄၂-၁-၂မှ၄၂ထိနှင့် နယ်ခြား မှတ်တိုင် ၅၃ မှ ၅၄ ထိလည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက် ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ရေကြောင်းကင်း လှည့်ခြင်းကို ဇွန် ၂၂ ရက်တွင် တစ်ကြိမ်၊ ဇွန် ၂၇ ရက်တွင် တစ်ကြိမ်နှင့် ဇွန် ၃ဝ ရက်တွင်တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။

ကုန်းမြေ နယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်း ချက်အရ Coordinated Patrol ကို ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ၁၄ ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်၊ မေလတွင် ၁၆ကြိမ်၊ ဇွန်လတွင် ၁၈ကြိမ် စုစုပေါင်း (၅၅)ကြိမ်နှင့် ရေကြောင်း ကင်းလှည့်ခြင်း ကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း ရှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...