Social Icons

Pages

Thursday, June 7, 2018

KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင်များအား ဆက်ကြေးကောက်ခံ



နေပြည်တော် ၇-၆-၂ဝ၁၈

KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင် ၂၁ကျောင်းထံသို့ ဆက်ကြေးပေးဆောင်ရန် ဆက်ကြေး ကောက်ခံသည့် စာများကို ဇွန် ၅ ရက်ညပိုင်းတွင် ပို့ဆောင် ခဲ့ကြောင်း သိရှိရသည်။

၂ဝ၁၈ခုနှစ်၊ ဇွန် ၅ရက် ည ၉နာရီခွဲခန့်တွင် GALAXY အဆင့်မြင့်ကျောင်းသို့ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ ကျောင်းသားတစ်ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာအိတ်ပေါင်း ၂၁ အိတ် ပါရှိသော GALAXY အဆင့်မြင့်ကျောင်းကို ပေးပို့သော စာအိတ်တွင် အခြားစာများကို ညတွင်းချင်းဝေငှ ပေးစေလိုကြောင်း ဖော်ပြပါရှိသည်။

ဆက်ကြေးကောက်ခံ စာများတွင် အကောက်ခွန်ဌာနခွဲ၊ ကွတ်ခိုင်ခရိုင်၊ အမှတ် (၉) တပ်ရင်းမှ ၂ဝ၁၈ခုနှစ်၊ ဇွန် ၃ရက် ရက်စွဲဖြင့် သက်ဆိုင်ရာကျောင်း အသီးသီးသို့ လိပ်မူ၍ အခွန်ငွေ ပေးဆောင်ရန် ကိစ္စခေါင်းစဉ်ဖြင့် ပေးပို့ ထားပြီး အဆိုပါကျောင်းများသည် အမှတ် (၉) တပ်ရင်း၊ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၏ အုပ်ချုပ်ရာနေရာဒေသ အတွင်းပါဝင်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် အခွန်ငွေကျပ် ၁၅ သိန်း၊ ၁ဝသိန်းနှင့် ကိုးသိန်းတို့ကို ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၊ အကောက်ခွန် ဌာနခွဲသို့ ဇွန် ၁၅ ရက် နောက်ဆုံးထား ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မှတ်ချက်အနေဖြင့် KIO မှ ဆက်ကြေးကောက်ခံ ခြင်းမဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော အခွန်ကောက်ခံခြင်း သာဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မူဆယ်မြို့ရှိ ကိုယ်ပိုင် အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင်များအနက် GALAXY အဆင့်မြင့်ကျောင်း၊ အောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ JELC ကျောင်း၊အောင်သရဖူဘော်ဒါ၊ ရွှေအောင်လံဘော်ဒါ၊ CMA အဆင့်မြင့် ကျောင်း၊ ဇွဲကိုယ်ပိုင်ကျောင်း၊ ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် ICTC(1) အဆင့်မြင့်ကျောင်းတို့ကို ငွေကျပ် ၁၅သိန်း၊ မြတ်ထူးချွန်ဘော်ဒါ၊ စွမ်းရည်ဂုဏ်ဘော်ဒါ၊ ICTC(2) အဆင့်မြင့်ကျောင်း၊ အောင်မြင်သစ် ဘော်ဒါ၊ ချယ်ရီကိုယ်ပိုင်ကျောင်း၊ ဖောင်ဒေးရှင်းကိုယ်ပိုင်ကျောင်း၊ ကောင်းစံဘော်ဒါ၊ ကြယ်စင်ဘော်ဒါ၊ ရိန်းတူးဘော်ဒါ၊ အောင်နန်းတော်ဘော်ဒါ (စာအိတ်တွင် ဇေယျနန်းတော်ဟု ဖော်ပြပါရှိ)နှင့် ရောင်နီဦး ဘော်ဒါတို့ကို ငွေကျပ် ၁ဝ သိန်းနှင့် MEC မူလတန်းကျောင်းကို ငွေကျပ် ကိုးသိန်းကောက်ခံ ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...