Social Icons

Pages

Monday, June 25, 2018

သား၊ ငါးကဏ္ဍ တိုးတက်စေရေး ခေတ်စနစ်နှင့် ကိုက်ညီမည့် လုပ်ငန်းများ ဆောင်ရွက်မည်



နေပြည်တော် ၂၅-၆-၂ဝ၁၈

သား၊ ငါးကဏ္ဍကို စိုက်ပျိုးရေး ကဏ္ဍနှင့်အတူ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ခေတ်စနစ်နှင့် ကိုက်ညီမှုဖြစ်စေမည့် လုပ်ငန်းများကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်းရှိ သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နေသကဲ့သို့ နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာအနေဖြင့် မြန်မာ့ငါး လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ငါးလုပ်ငန်းစခန်း ၂၇ခု ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငါးလုပ်ငန်း စခန်းများမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငါးသားပေါက်ကောင်ရေ ၆၃၁၁ ဒသမ ၆၈၅သိန်း ထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ ငါးသားပေါက်များမှ ငါးသားပေါက်ကောင်ရေ ၅၂၉ဝ ဒသမ ၉၄၁ သိန်းကို ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းများသို့ ရောင်းချပေးနိုင်ခဲ့ပြီး ငါးသားပေါက်ကောင်ရေ ၁ဝ၂ဝ ဒသမ ၇၄၄သိန်းကို ငါးသယံဇာတ မျိုးဆက်တည်တံ့ ထိန်းသိမ်းနိုင်ရေး အတွက် မျိုးစိုက်ထည့်ပေး နိုင်ခဲ့နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး အတွက် အရေးကြီးဆုံးကဏ္ဍမှာ ဆန်စပါးကဏ္ဍဖြစ်ပြီး ဒုတိယအရေး ကြီးဆုံးကဏ္ဍသည် သားငါးကဏ္ဍ ဖြစ်သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...