Social Icons

Pages

Tuesday, June 5, 2018

ပုပ္ပားတောင်ကလပ်တွင် ဒေသခံဦးရေ ၅ဝ ခန့်ဆန္ဒထုတ်ဖော်



ကျောက်ပန်းတောင်း ၅-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ယနေ့နံနက် ၉ နာရီခန့်က ဒေသခံဦးရေ ၅ဝ ခန့်သည် ၎င်းတို့ဒေသ၌တည်ရှိသော ပုပ္ပားတောင်ကလပ်တွင် ၎င်းတို့ ဒေသခံများသာ ဂေါပကအဖြစ် တင်မြှောက်ပြီး ထိန်းသိမ်းခွင့် ပေးရန်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ပုပ္ပားတောင်ကလပ်မှ လက်ရှိဂေါပကဦးသာအေး အပါအဝင် ခြောက်ဦးကို အလိုမရှိ၊ ငွေကြေးကိစ္စများဖြင့် တရားရုံးတွင် ဦးတိုက်လျှောက်ထားခံရသော ဂေါပက အဖွဲ့ဝင်များနှင့် နန်းထိန်းများကိုအလိုမရှိကြောင်း စာတန်းများပါသည့် ဗီနိုင်းများ ကိုင်ဆောင်၍ ပုပ္ပားတောင်ကလပ် အဆင်းလမ်းမှ ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်၍ တောင်ကလပ် မုခ်ဦးရှေ့တွင် မိနစ် ၃ဝခန့် ရပ်တန့်ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သိရသည်။

ပုပ္ပားမြို့ ဒေသခံပြည်သူများသည် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ အသစ်ပြန်လည် ဖွဲ့စည်းစေလိုကြောင်းနှင့် ပြန်လည်ဖွဲ့စည်းသည့် ဂေါပကအဖွဲ့တွင် ပုပ္ပားဒေသခံများဖြင့်သာ ဖွဲ့စည်းစေလိုကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုဇော်ဝင်းသိန်းက ပြောပြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...