Social Icons

Pages

Tuesday, June 19, 2018

ကောလင်းမြို့နယ်တွင် တမလန်းသစ်များ တင်ဆောင်လာသော ယာဉ်နှစ်စီးဖမ်းမိ



ကောလင်း ၁၉-၆-၂ဝ၁၈

ကသာခရိုင် ကောလင်းမြို့နယ်၌ တမလန်းသစ်ဓား ရွေတုံးများ တင်ဆောင်လာသော မော်တော်ယာဉ်နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခန်သာရဲကင်းစခန်းမှူး ရဲအုပ်စိုးသိန်းအောင်၊ ကျောက်တန်းဌာန ပေါင်းစုံစစ်ဆေးရေးဂိတ်မှ တာဝန်ခံ ဒုတိယရဲအုပ် ဖြိုးမောင်မောင်၊ မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးပြန်လျှန်းထာရ်တို့ ဦးဆောင်သောအဖွဲ့သည် ဇွန်၁၇ ရက်ည ၈ နာရီခန့်က ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတွင် တရားမဝင်သစ်တင်ယာဉ်များ ဖြတ်သန်းသွားလာနေကြာင်း သတင်းအရ သက်သေများနှင့်အတူ ကောလင်းမြို့နယ် ငါးကြီးအိုင် ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၂/ဝ)နှင့် (၁ဝ၂/၁)ကြား၌ စောင့်ဆိုင်းနေစဉ် မြစ်ကြီးနားဘက်မှ မောင်းနှင်လာသော 4N/----FORLAND အဖြူရောင်အမျိုး အစားယာဉ်ကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်မောင်းဇော်မိုးကျော် (ဘ)ဦးကျော်လွင် လှတောကျေးရွာ ဝက်လက်မြို့နယ် နေသူ၊ စိုးမိုးနိုင်(ဘ)ဦးမိုးညို (နေရပ်လိပ်စာတူ)၊ ကျော်ဇင်ဟိန်း (ဘ) ဦးမိုးမြင့်ဆွေ (နေရပ်လိပ်စာတူ)၊ စည်သူဟိန်း(ဘ) ဦးအောင် (နေရပ်လိပ်စာတူ) တို့နှင့်အတူ ယာဉ်ပေါ်တွင် တရားမဝင် တမလန်းဓားရွေတုံး အရွယ်စုံ ၁၁တုံး တန်ချိန်သုည ဒသမ ၈၆၇၂တန် တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။

ထိုသို့ သိမ်းဆည်းနေစဉ် ၁၅ မိနစ်ခန့်အကြာတွင် မြစ်ကြီးနားဘက်မှ မောင်းနှင်လာသော ယာဉ်မောင်း မိုးမြင့်ဆွေ (ဘ) ဦးသိန်းအေး လှတောကျေးရွာ ဝက်လက်မြို့နယ်နေသူ၊ ဖြိုးဇော်ချစ်(ဘ)ဦးဝင်းတင့် (နေရပ်လိပ်စာတူ)၊ကျော်ဝင်းထွန်း (ဘ)ဦးစိုးတင့် (နေရပ်လိပ်စာတူ)၊ ထွန်းအေး(ဘ) ဦးဖိုးပေါက် (နေရပ်လိပ်စာတူ)တို့ လိုက်ပါလာသော 7M/----GOVZCT လိမ္မော်ရောင် အမျိုးအစားယာဉ်ကို ထပ်မံရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်တမလန်းဓားရွေတုံး အရွယ်စုံ ၅၁ တုံး တန်ချိန် ၁ဒသမဝ၆၁၂တန်တွေ့ရှိရသဖြင့် ထပ်မံသိမ်းဆည်း ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကောလင်းမြို့မရဲစခန်းက ဇော်မိုးကျော်၊ စိုးမိုးနိုင်၊ ကျော်ဇင်ဟိန်း၊ စည်သူဟိန်းတို့ကို (ပ)၁၅ဝ/၂ဝ၁၈၊ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့်လည်းကောင်း၊ မိုးမြင့်ဆွေ၊ ဖြိုးဇော်ချစ်၊ ကျော်ဝင်းထွန်း၊ ထွန်းအေးတို့ကို (ပ)၁၅၁/၂ဝ၁၈၊ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆ (၁) ဖြင့်လည်းကောင်း အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...