မြင်းခြံ ၁၁-၅-၂ဝ၁၈
မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ အမှတ် (၁၆) ရပ်ကွက် နယ်မြေ (၃) ရှိ RELAX KTV ခြံဝင်းအတွင်းတွင် မေ ၉ရက် ညနေ ၅ နာရီက နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမှတ် (၁၆) ရပ်ကွက် နယ်မြေ (၃) ရှိ ဦးအောင်၏ RELAX KTV ခြံဝင်းအတွင်း ဦးအောင်မြင့်ဦး နေထိုင်သော နေအိမ်တွင် မီးပလတ်ခုံ အချိန်ကြာမြင့်စွာ သုံးစွဲရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့သည်။
မီးလောင်မှုကြောင့် မြေစိုက် ၁၅ ပေ×ပေ၂ဝ အဆောက်အအုံ တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြင့်ဦးကို မြင်းခြံမြို့မရဲစခန်းက (ပ) ၃ဝ၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment