Social Icons

Pages

Friday, May 4, 2018

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆင်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်



ရန်ကုန် ၄-၅-၂ဝ၁၈

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆင်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ သတင်းများအရ သိရသည်။

ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အထောက် အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများတိုက်ရိုက်၊ သွယ်ဝိုက်၊တစ်ဆင့်ခံ နည်းလမ်းများဖြင့် စီးဝင်ရောက်ရှိ စေခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်၍ ဒေသခံပြည်သူများ အချိန်တိုတိုအတွင်း အကျိုးရှိစေမည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ခရီးစဉ်များ ဆောင်ရွက်နိုင်မည့် နေရာများကို ရွေးချယ်သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) လုပ်ငန်း ခရီးစဉ်များတွင် ခရီးစဉ်ဒေသများ၏ လူမှုဘဝများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသန္တရဗဟုသုတများစွာ ဖြစ်စေသဖြင့် နိုင်ငံတကာခရီးသွားများ အထူးစိတ်ဝင်စားခြင်းခံ နေရသည့်ခရီးသွား လုပ်ငန်းများ ဖြစ်သည်။ ယခုအခါ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) လုပ်ငန်းကို နေရာဒေသ ၁၅ နေရာတွင် အကောင်အထည် ဖော်ဆောင်ရွက် နေပြီဖြစ်သည်။

ထို့အတူ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်မှု ဖြစ်စေရေးအတွက် ဆင်စခန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ဆင်စခန်း ၁၉ ခုထိဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးဖွင့်လှစ် ပေးခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း ပုသိမ်သစ် ထုတ်လုပ်ရေးဒေသ မိုင်တိုင် (၁၉/ဝ) ရှိဌာနပိုင် ငွေဆောင်ဆင်စခန်းကို ဧပြီ ၂၇ ရက်က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်နေသည့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်နေသည့် ဆင်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...