Social Icons

Pages

Friday, May 18, 2018

ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်



နေပြည်တော် ၁၈-၅-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ သာသနာ့အနွယ်ဝင် သီလရှင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ ကိုးနဝင်း ဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် သွားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ သံဃာတော်သုံးပါး၊ သာသနာ့ အနွယ်ဝင် သီလရှင် နှစ်ပါးနှင့် ဒေသခံပြည်သူ ၃၃၅ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...