Social Icons

Pages

Tuesday, May 8, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရေးတပ်နယ်နှင့် သံဖြူဇရပ် တပ်နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၊ နယ်မြေခံသင်တန်းကျောင်းမှ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြား


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
သံဖြူဇရပ်တပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရေးတပ်နယ်အတွင်းရှိ စစ်သည်အိပ်ဆောင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရေးတပ်နယ်အတွင်း၌ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရေးတပ်နယ်အတွင်း၌ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
 မော့ကနင်တပ်နယ် အတွင်းရှိ အိမ်ထောင်သည်လိုင်း၌ စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၈-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်တပ်မတော် အရာရှိကြီးများ၊အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင် နှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ရေးတပ်နယ်ရှိနယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် တပ်နယ်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လူနေရိပ်သာနှင့်စားရိပ်သာများ အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ကျောင်းရွာရှိ နယ်မြေ ခံတပ်ရင်းများနှင့်မော့ကနင် တပ်နယ်ရှိနယ်မြေခံတပ်ရင်းများအတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တပ်ရင်းဆေးခန်း၊ တပ်ရင်းသားဖွားခန်း၊ အိမ်ထောင်သည်လိုင်းများနှင့် ရိပ်သာ(၃)မျိုးဆောင်ရွက်ထားရှိမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် သံဖြူဇရပ်တပ်နယ်ရှိ နယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာ စကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်၊ နည်းပြအရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား များတက်ရောက်ကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးအတွက်တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာရန်လိုကြောင်း၊ ထိုကဲ့သို့အင်အားတောင့်တင်း ခိုင်မာစေရေး အတွက် စစ်သည်တိုင်းတပ်နေပျော်ရန် လိုအပ်သည့်အတွက် ဒုတိယတပ်စိတ်မှူးမှသည် တပ်မှူး၊ တပ်မှူးကြီးများအထိ တာဝန်ရှိကြောင်း၊ ထိုသို့တာဝန်ရှိသူများက စစ်သည်၊ ရဲမေများနှင့်အများဆုံး သက်ဆိုင်သည့် ရိပ်သာ(၃)မျိုးနှင့် အိမ်ထောင်သည် လိုင်းခန်းများကို မပြတ်ကြည့်ရှုပေးခြင်း၊ စဉ်ဆက်မပြတ်ထိတွေ့ခြင်း၊ လိုအပ်သည်များဖြည့်ဆည်းပေးခြင်းနှင့်ညီညွတ် မျှတသော တာဝန်ခွဲဝေထမ်းဆောင်စေခြင်းဖြင့် သံယောဇဉ်တရားကိုအပြန်အလှန် တည်ဆောက်ပြီး ခိုင်မာသောရဲဘော်စိတ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်နိုင်မှ အင်အားခိုင်မာတောင့်တင်း၍ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ထက်မြက်လာမည်ဖြစ်ကြောင်းဦးစွာပြောကြားသည်။

ထို့နောက် နိုင်ငံအရေးနှင့်ပတ်သက်၍ပြောကြားရာတွင် ရခိုင်ပြည်နယ်မြောက် ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသ၌ ဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်မှန်များ၊ ၎င်းနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲကထုတ်ပြန်ခဲ့သည့် မတ်လ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏အမြဲတမ်းအဖွဲ့ဝင်(၁၅)နိုင်ငံ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး မေလ ၁ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သည့်သတင်းများအားဖတ်ရှုလေ့လာရန်လို ကြောင်း၊ ထိုသို့လေ့လာဖတ်ရှုပြီးနောက် တပ်၏စည်းရုံးရေးကော်မတီဆွေးနွေးပွဲများ၌ ထည့်သွင်းဆွေးနွေး၍ စစ်သည်၊ ရဲမေတိုင်း နိုင်ငံ၏အရေးကြီးသောကိစ္စရပ်များ ကိုသိရှိနိုင်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်းမှာကြားသည်။

ယင်းနောက်ခေတ်မီတပ်မတော် (Standard ARMY) တည်ဆောက်ရာတွင် လိုအပ်သည့်တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြင့်မား နေစေရေးလေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လေ့ကျင့်ရေးမူဝါဒကိုသင်တန်းသားများ နှင့် နည်းပြများပါလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်အရေးကြုံလာပါက နိုင်ငံတော်က အားထားယုံကြည်ရပြီး ပြည်သူကအားကိုးချစ်ခင်ရသော တပ်မတော်ဖြစ်လာစေရေး သင်ကြားလေ့ကျင့်ခဲ့ရသော စစ်ပညာရပ်များအပေါ် မှတ်သားနာယူပြီးစစ်မြေပြင်၌ ကျွမ်းကျင်စွာအသုံးချရန်လိုကြောင်း၊ ပြောင်းလဲတိုးတက်နေသော စစ်ပညာနှင့်နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး နည်းပြများကလည်း မိမိတို့ ရေမြေရာသီဥတု နှင့် ကိုက်ညီသည့်စစ်ပညာများအဖြစ်ပြောင်းလဲသင်ကြားနိုင်ရန်လိုကြောင်း၊ လက်တွေ့စစ်ပြေပြင်၌ကြုံတွေ့ နေရသည့် စစ်နည်းဗျူဟာ၊ နည်းပညာပြောင်းလဲမှုများ၊ ထိုသို့ပြောင်းလဲသည့်အတွက်တီထွင်ကျင့်သုံးခဲ့ရသော နည်းဗျူဟာ၊ မဟာဗျူဟာများ စဉ်းစားတွေးခေါ်ဖော်ထုတ်ကျင့်သုံးခဲ့ရမှုတို့အား သာဓကဖြစ်စဉ်များဖြင့်အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်သည်တိုင်း စစ်ဆင်ရေး၌လိုက်နာရန်လိုအပ်သည့်ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း(ROE)၊ ဂျနီဗာကွန်ဗင်းရှင်း တို့နှင့် အညီဆောင်ရွက်ရေး၊အရာရှိ၊ စစ်သည်များ အဆင့်အလိုက်လိုက်နာရန်လိုအပ်သည့် တပ်တည်မြဲအမိန့်ပါတာဝန် ၀တ္တရားများကို သိရှိပြီးထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်၊ ပေးအပ်သည့်တာဝန် ၀တ္တရားများကိုကျေပွန်အောင်မြင်စွာ အကောင် အထည်ဖော်ရန်လိုအပ်မှုအခြေအနေများ၊ လူမှုကွန်ရက်အင်တာနက်ဝက်ဆိုဒ်များမှတစ်ဆင့် သတင်းလုံခြုံမှု မပေါက်ကြားရေး လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များ၊ ၀င်ငွေထွက်ငွေညီညွတ်မျှတစွာသုံးစွဲ၍ ကျန်းမာကြံ့ခိုင်စေရေး ဆောင်ရွက်ရန် လိုအပ်ချက် များအားအသေးစိတ်ရှင်းလင်း မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ကအရာရှိ၊ စစ်သည်များ၏ ပုဂ္ဂလိက ပိုင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာတင်ပြလိုသည်များ၊ တပ်၏ကောင်းရာကောင်းကျိုးနှင့် တပ်ပိုင်းဆိုင်ရာဆောင်ရွက်ပေးစေလို သည်များအားမေးမြန်းခဲ့ပြီးစစ်သည်များ၏တင်ပြချက်များအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်သက်ဆိုင်ရာတပ်မတော် အရာရှိကြီးများက ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစု များအတွက် စားသောက်ဖွယ်ရာများ နှင့် ရွှေဖီဦးအသင့်ဖျော်လက်ဘက်ရည်ထုတ်များကိုလည်းကောင်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီးဒေါ်သန်းသန်းနွယ်က သင်တန်းကျောင်းရှိ မိခင်နှင့်ကလေးအသင်း အတွက်ရံပုံငွေများကိုလည်းကောင်းပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများကလက်ခံရယူကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်စာစောင်များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူကြသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် သင်တန်းသားအိပ်ဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ရောက်ရှိကြပြီး နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေ အနေများအား စစ်ဆေးရာ ဦးစွာတိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမတွင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်တပ်ရင်း တပ်ဖွဲ့များမှ အရာရှိကြီးများနှင့်အရာရှိများနှင့်တွေ့ဆုံ၍ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်တာဝန်ရှိသူများက နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေးဆိုင်ရာများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မှတ်တမ်းများထားရှိပြီး ဆောင်ရွက်ခြင်းဖြင့် မပြတ်ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ရေး၊ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်အား ညွှန်ကြားချက်များ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နိုင်မှုရှိ/မရှိ ကွပ်ကဲမှုအောက်တပ်ရင်း၊ တပ်ဖွဲ့များအား စစ်ဆေးနိုင်ရေး၊ စစ်ဆင်ရေးသတိ၊ လုံခြုံရေးအသိရှိစေရေးနှင့် နယ်မြေဒေသ သတင်းများအား ပိုမိုစုံလင်စွာရရှိစေရေး စီမံဆောင်ရွက်သွားရန် လိုအပ်သည့်အချက်များအား အသေးစိတ်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...