Social Icons

Pages

Friday, May 11, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မုဒုံတပ်နယ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံအတွင်း ခြံထွက်ဟင်းသီးဟင်းရွက်များကို 
ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံအတွင်းအသားတိုးနွားနှင့် နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နယ်မြေခံတပ်ရင်းအိမ်ထောင်သည် လိုင်းများအတွင်း မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း DYL ဝက်များမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၁၁-၅-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်တပ်မတော် အရာရှိကြီးများ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မုဒုံတပ်နယ်ရှိ နယ်မြေခံတပ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နယ်မြေခံတပ်ရင်းရှိ အစည်းအဝေးခန်းမများတွင် တာဝန်ရှိသူများက ဦး၊ရေး၊ ထောက်ဆိုင်ရာ ကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်အား အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် စည်းရုံးရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည်များအား အသေးစိတ်မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း လူနေရိပ်သာ၊ စားရိပ်သာနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက် ထားရှိမှု အခြေအနေများ၊ တပ်တွင်းစာကြည့်တိုက်၊ တပ်တွင်း ဆံသဆိုင်နှင့် တပ်တွင်းသက်သာဆိုင်များအား ကြည့်ရှုစစ်ဆေးပြီး အိမ်ထောင် သည်လိုင်းများအတွင်း မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။

ယင်းနောက် နယ်မြေခံလျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ရင်းအတွင်းရှိ မော်တော်ကားပြင်အလုပ်ရုံနှင့် လက်နက်ပြင်အလုပ်ရုံများ အတွင်းလှည့်လည် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က လိုအပ်သည် များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက်ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေး ခြံအတွင်းရှိ Green Houseများ အတွင်းဟင်းသီး ဟင်းရွက်များ စိုက်ပျိုး ထားရှိမှု၊ အသားတိုးနွားနှင့် နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများ၊ ဥစားကြက်များ မွေးမြူထားရှိမှုနှင့် ၀က်ခြံ များအတွင်း DYL ၀က်များမွေးမြူထားရှိမှု အခြေအနေများ အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ သည်လည်းမော်လမြိုင် တပ်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအား အသီးသီးဖြန့်ခွဲ၍ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...