Social Icons

Pages

Monday, May 21, 2018

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်းတွင် မော်တော်ယာဉ်တစ်စီး ဆိုင်ကယ်ကို ကျော်တက်စဉ် ချိတ်မိ၍ တိမ်းမှောက်မှုဖြစ်ပွား



မိတ္ထီလာ ၂၁-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၃၃၆/၂) နှင့် (၃၃၆/၃)ကြား ကန်သာအေးကျေးရွာ အနီးတွင် မော်တော်ယာဉ် တစ်စီးက ဆိုင်ကယ်ကိုနောက်မှ ကျော်တက်စဉ် ချိတ်မိ၍ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် သက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂နာရီက ရန်ကုန်မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၃၃၆/ ၂)နှင့် (၃၃၆/၃)ကြားကန်သာ အေးကျေးရွာ အနီးတွင်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မိတ္ထီလာဘက်မှ ပျော်ဘွယ်ဘက်သို့ ထွန်းထွန်း (ဘ) ဦးမောင်ရွှေ လက်သည်းကျိုးရွာ ပျော်ဘွယ်မြို့နယ်နေသူ မောင်းနှင်လာသည့် 5F/ ----CANTER  အဖြူရောင် ယာဉ်သည် လားရာတူရှေ့တွင် မောင်းနှင်နေသော မအိမွန်ထွေး (ဘ)ဦးစံမောင် တစ်ဖက်ကာကျေးရွာ ရမည်းသင်းမြို့နယ် နေသူမောင်းနှင်ပြီး နောက်တွင် မနှင်းသူဇာလွင် (ဘ) ဦးကျော်ကျော်လွင် တစ်ဖက်ကာကျေးရွာ ရမည်းသင်းမြို့နယ်နေသူ လိုက်ပါလာသော အမှတ်၂၅ယ/---- ကန်ဘို ၁၁ဝ အနက်ရောင်ဆိုင်ကယ်ကို ကျော်တက်စဉ် ဆိုင်ကယ်ဖြင့် ချိတ်မိပြီး ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက် သွားခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါငါးဦးနှင့် ဆိုင်ကယ်စီးနင်းသူနှစ်ဦးမှာ ဒဏ်ရာ (မစိုးရိမ်ရ) များရရှိသဖြင့် မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ထွန်းထွန်းကို အရေးယူပေးပါရန် ဒုတိယရဲအုပ်သက်ပိုင်စိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မိတ္ထီလာမြို့မရဲစခန်းက ယာဉ်(ပ) ၃၅/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...