Social Icons

Pages

Monday, May 14, 2018

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ငွေကျပ် ၁၅၆၉ ဒသမ ၇၉ သန်းတန်ဖိုးရှိ စည်ပင်သာယာရေးလုပ်ငန်းသုံး ပစ္စည်းများ ပံ့ပိုးနိုင်ခဲ့



မုံရွာ ၁၄-၅-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း သန့်ရှင်းသာယာလှပရေး၊ အမှိုက်များကောက်သိမ်းရေးနှင့် လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက် ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့က ငွေကျပ် ၁၅၆၉ ဒသမ ၇၉ သန်းတန်ဖိုးရှိ စည်ပင်သာယာရေး လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးအပ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေး ကော်မတီများသို့ ပံ့ပိုးသည့် လုပ်ငန်းသုံး ပစ္စည်းများအဖြစ် အမှိုက်ပုံးများ၊ ကတ္တရာပုံးများ၊ ဘိလပ်မြေအိတ်များ၊ ခြင်ဆေးဖျန်းစက်များ၊ရေပုပ်စုပ် ယာဉ်များ၊ အမှိုက်သိမ်း ထော်လာဂျီယာဉ်များ၊ ကရိန်းအမှိုက်သိမ်းယာဉ်များ၊ အမှိုက်ကန်များ၊ သန့်ရှင်းရေးဝတ်စုံများ ပါဝင်ကြောင်း သိရသည်။

"တိုင်းဒေသကြီး အတွင်းက မြို့နယ်တွေ သန့်ရှင်းသာယာ လှပရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ အတွက်ပံ့ပိုး ပေးတာပါ။ မြို့တွင်းလမ်းတွေ အဆင့်မြှင့်တင် ခင်းကျင်းနိုင်ဖို့၊ တိုးတက်လာတဲ့ လူဦးရေနဲ့အတူ စွန့်ပစ်မှုများလာတဲ့ အမှိုက်တွေကို အချိန်မီသိမ်းဆည်းနိုင်ဖို့၊ ရေဆိုးထုတ်မြောင်းတွေ အဆင့်မြှင့်တင်ဖို့၊ ရေစီးရေလာ ကောင်းမွန်ရေးတွေ၊ ရေမြောင်းတွေပြုပြင် ဖို့အတွက် ပံ့ပိုးပေးခဲ့တာပါ" ဟု စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင် သာယာရေး ကော်မတီများသို့ ပံ့ပိုးပေးအပ်မှုအနေဖြင့် စုစုပေါင်းငွေကျပ် ၁၅၆၉ ဒသမ ၇၉ သန်းတန်ဖိုးရှိ အမှိုက်ပုံး ၈၄ဝ၊ ကတ္တရာ ၃၆၂တန်၊ ဘိလပ်မြေ ၁ဝ၃၄၅၄ အိတ်၊ ခြင်ဆေးဖျန်းစက် (ဆေးရည်ပါ) အလုံး ၈ဝ၊ ရေပုပ်စုပ်ယာဉ် ၁ဝ စီး၊ ထော်လာဂျီယာဉ် (အမှိုက်သိမ်းယာဉ်) ခြောက်စီး၊ အမှိုက်သိမ်းရာ တွင်အသုံးပြုရန် Tipper အမှိုက်သိမ်းယာဉ် နှစ်စီး၊ ကရိန်းအမှိုက်သိမ်းယာဉ် ၂၁စီး၊ အမှိုက်ကန် ၆၅ကန်၊ သန့်ရှင်းရေးဝတ်စုံ ၇ဝ၂စုံတို့ကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...