Social Icons

Pages

Wednesday, April 11, 2018

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော် သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနား ကျင်းပ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဒုလ္လဘရဟန်းလောင်းအား ကေသစ္ဆေဒနဆံချခြင်း ပြုလုပ်ပေးစဉ်။

ဆရာတော်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဖူးမြော်ကြည်ညိုစဉ်။

ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးအား ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေ လောင်းများက လက်ယာရစ်လှည့်လည်၍ ဖူးမြော်ကြည်ညိုစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ ဒုလ္လဘ ရဟန်းလောင်းအား ကေသစ္ဆေဒနဆံချခြင်း မင်္ဂလာပြုလုပ်ပေးစဉ်။

နေပြည်တော် ၁၁-၄-၂ဝ၁၈

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်၊ သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၊ ကန်ဦး ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်သြ၀ါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တ ၀ိစာရိန္ဒာဘိဝံသနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ “ရွှေကျင်”၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ သာသနဓဇ ဓမ္မာစရိယဘဒ္ဒန္တ၀ိလာသအား ဖူးမြော် ကြည်ညိုကြသည်။

ထို့နောက် ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါန သရဏဂုံပေးခြင်းမင်္ဂလာများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာ များနှင့်အညီ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့အတူ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ရတနာစံပရိယတ္တိစာသင်တိုက် တို့တွင်လည်း ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကေသစ္ဆေဒနဆံချခြင်း၊ ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်းနှင့် သာရဏဒါနသရဏဂုံပေးခြင်း မင်္ဂလာများအား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့်အညီ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု ဆဋ္ဌမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနားတွင် ဒုလ္လဘရဟန်းလောင်းနှင့် ရှင်သာမဏေလောင်း ၃၀၈ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၀န်းရှိ န၀ဒေးခန်းမမှ အိမ်ထောင်သည်လိုင်းများ အတွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပို့ဆောင်ကာ စေတီတော်မြတ်ကြီးအား ဒေ၀ါဝင်း၊ ရာဇာဝင်များ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များဖြင့် လက်ယာရစ်လှည့်လည်၍ ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...