Social Icons

Pages

Wednesday, April 11, 2018

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စု၊ ပဲရုံ (နတလ) ကျေးရွာ သုဿာန်အနီး၌ ဖမ်းဆီးရမိဘင်္ဂါလီ ၁၀ ဦး သေဆုံးမှုနှင့်ပတ်သက်၍ ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် အရာရှိ၊ စစ်သည်များအား ပြစ်ဒဏ်များချမှတ်



နေပြည်တော် ၁၁-၄-၂ဝ၁၈

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ မြ၀တီသတင်းစာနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီအကြမ်းဖက် ၁၀ ဦးအပေါ် ဥပဒေနှင့်အညီ ဖမ်းဆီးချုပ်နှောင်တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်မှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အင်းဒင်ကျေးရွာနေ တိုင်းရင်းသားပြည်သူအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဌာနေတိုင်းရင်းသားများ၏ စိတ်ခံစားနာကြည်းချက်အပေါ် အခြေခံ၍ ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက် အထိ တပ်မတော်မှ အရာရှိ၊ စစ်သည် ၂၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနှင့် အင်းဒင်ရွာသား ၆ ဦးတို့ကို အသေးစိတ်စိစစ် စစ်ဆေးမေးမြန်းခဲ့ရာ ဥပဒေမဲ့ပြစ်မှု ကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရမှုအပေါ် ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

အဆိုပါ ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်ပြီး တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေကို လိုက်နာရသည့် တပ်မတော်မှ အရာရှိ၊ စစ်သည် ၇ ဦးတို့အား တပ်မတော်အက်ဥပဒေပုဒ်မ(၇၁) နယ်ဘက်ပြစ်မှု တစ်ရပ်ဖြစ်သော လူသတ်မှုကိုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်းတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ အရာရှိ ၄ ဦးအား ရှုတ်ချ၍အမြဲတမ်းထုတ်ပစ်စေရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း နှင့် အခြားအဆင့်စစ်သည် ၃ ဦးအား တပ်သားအဆင့် လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်ဟု ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...