Social Icons

Pages

Monday, April 2, 2018

မြန်မာနိုင်ငံ တောတောင်ဒေသများမှ ထွက်ရှိသော သဘာဝပရဆေး ကုန်ကြမ်းများကို တရုတ်နိုင်ငံ ဈေးကွက်က ဝယ်ယူနေ



နေပြည်တော် ၂-၄-၂ဝ၁၈

မြန်မာနိုင်ငံမှ ပရဆေးကုန်ကြမ်း များသည် တောတောင်ဒေသများမှ ထွက်ရှိသော သဘာဝပရ ဆေးကုန်ကြမ်းများဖြစ်၍ တရုတ်နိုင်ငံဈေးကွက်မှ အပတ်စဉ်ဝယ်ယူ နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်း များအရ သိရသည်။

မြန်မာနိုင်ငံ တောတောင်ဒေသများမှ တူးဖော်ခူးဆွတ် ရရှိသော သဘာဝပရဆေး ကုန်ကြမ်းများသည် သန့်ရှင်းလတ်ဆတ်မှု ရှိသည့်အပြင်အစွမ်း အာနိသင်လည်း ပိုမိုထက်မြက်မှုရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံ ဈေးကွက်များမှ မြန်မာ့ပရဆေး ကုန်ကြမ်းများကို ဝယ်ယူကာ တရုတ်တိုင်းရင်းဆေးများ၊ အလှကုန်ပစ္စည်းများ အသားအရေ ချောမွေ့စေသည့် လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဆေးဝါးများနှင့် အစားအသောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းများ အရ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၄ရက်မှ မတ် ၂ရက်ထိ အမေရိကန်ဒေါ်လာ သုညဒသမ ၉၂၃ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်းအမည် ၁၄မျိုး၊ တန်ချိန်အားဖြင့် ၉၆၁တန်၊ မတ် ၃ရက်မှ ၉ရက်ထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၉ သန်းတန်ဖိုးရှိပရဆေး ကုန်ကြမ်းအမည်၁၆မျိုး၊ တန်ချိန်အားဖြင့် ၁၅၄၈တန်နှင့် မတ် ၁ဝ ရက်မှ ၁၆ရက်ထိ အမေရိကန်ဒေါ်လာ ၁ဒသမ၆၃၉ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်းအမည် ၁၈ မျိုး၊ တန်ချိန်အားဖြင့် ၁၇၅၈ တန်ကို တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...