Social Icons

Pages

Wednesday, April 4, 2018

ငါ့သရောက်မြို့ နယ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်နေအိမ် နှစ်လုံးနှင့် နွားစာတဲခြောက်လုံး ဆုံးရှုံး



ငါ့သရောက် ၄-၄-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ကူတောအုပ်စု ကူတောကျေးရွာတွင် ထမင်းဟင်းချက်ပြီး မီးကို သေချာမငြှိမ်း ခဲ့သောကြောင့် ယနေ့မွန်းလွဲ ၂ နာရီက မီးလောင်ကာ နေအိမ်နှစ်လုံး၊ နွားစာတဲခြောက် လုံးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်နေသော ကူတောကျေးရွာသို့ မီးလောင်နေသော သတင်းရရှိပြီး ငါ့သရောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်သူနှင့် ဝန်ထမ်းများသည် မီးသတ်ယာဉ် သုံးစီးနှင့်အတူ ကူတောကျေးရွာသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်ရောက်ရှိပြီး မီးငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်တွင် မီးထိန်းနိုင်ပြီး ၃ နာရီ မိနစ်၂ဝတွင် မီးအားလုံးငြိမ်းသွားကြောင်း သိရသည်။

ကူတောကျေးရွာနေ ဦးဌေးခိုင်၏ နေအိမ်တွင် ထမင်းချက်အပြီး မီးကြွင်းမီးကျန်မှ စတင်ကူးစက် လောင်ကျွမ်းခဲ့ရာ နေအိမ်နှစ်လုံးနှင့် နွားစာတဲခြောက်လုံး ဆုံးရှုံးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉ဝဝဝဝရှိကြောင်း၊ မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဌေးခိုင် ကူတောကျေးရွာ နေသူကို ငါ့သရောက်ရဲစခန်းမှ စခန်းမှူး ရဲမှူးဇေယျာက တရားလိုပြုလုပ် တိုင်တန်းလျက် (ပ) ၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...