Social Icons

Pages

Thursday, April 12, 2018

သင်္ကြန်ကာလနီးကပ် လာပြီဖြစ်သောကြောင့် ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေ သူများဖြင့် စည်ကား



ပုသိမ် ၁၂-၄-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေ၌ ယခုအခါ သင်္ကြန်ကာလနီးကပ် လာချိန်တွင် ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်မှု များပြားလျက်ရှိပြီး ယခင်ကာလများထက် ပိုမိုစည်ကား နေကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ နေ့စဉ်အပန်းဖြေ လာရောက်သူများဖြင့် စည်ကားလျက် ရှိပြီးဟိုတယ်၊ တည်းခိုဆောင်များနှင့် ဒေသခံ အိမ်ငှားလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း လုပ်ငန်းအဆင်ပြေလျက် ရှိသည်။

''သင်္ကြန်ကာလ နီးကပ်ချိန်မှာ တည်းခိုခန်းတွေကို ဧည့်သည်အဝင်ပိုများ လာပါတယ်။ အခန်းခအနေနဲ့ သုံးယောက်ခန်း တစ်ခန်းကို ငွေကျပ်တစ်သိန်းခွဲ၊ နှစ်ယောက်ခန်း တစ်ခန်းကို ငွေကျပ်တစ်သိန်းနှုန်း လောက်ရှိနေပါတယ်။ ဟိုတယ်တွေအပြင် ချောင်းသာဒေသခံ များကလည်း သင်္ကြန်ကာလမှာ အိမ်တွေကို ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်နေကြပြီး တစ်နေ့ကို ငွေကျပ်ငါးသောင်းကနေ ကိုးသောင်းအထိ နှုန်းထားတွေနဲ့ ငှားရမ်းဆောင်ရွက်နေကြပါတယ်''ဟု တည်းခိုခန်း မန်နေဂျာတစ်ဦးက ပြောသည်။

ထို့ပြင် ချောင်းသာကမ်းခြေ၌ ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းရှင်းစွာ အပန်းဖြေနိုင်ရန် မြေပြင်ရေပြင် သက်ကယ်အဖွဲ့များ ဖွဲ့စည်းထားရှိပြီး ဧည့်သည်များအတွက် ကမ်းခြေတွင် ရေကူးရမည့် အချိန်ကိုလည်း သတ်မှတ် ထားကြောင်းနှင့် သတ်မှတ်ထားသည့် ကမ်းခြေ၏ စည်းမျဉ်းအတွင်းသာ ရေကူးခွင့်ပြုပြီး အန္တရာယ်ရှိနိုင်သည့် နေရာများ၌ ဘောလုံးများကို ကြိုးဖြင့်ချထားသည့် YRTA ကိုလည်း ချထားပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...