Social Icons

Pages

Wednesday, March 14, 2018

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိကစက်သုံး ဆီဆိုင်များမှ နေ့စဉ် ပျမ်းမျှ ဓာတ်ဆီဂါလန် သုည ဒသမ ၂၇ သန်းနှင့် ဒီဇယ် သုည ဒသမ ၁ သန်း ဖြန့်ဖြူးရောင်းချ



ရန်ကုန် ၁၄-၃-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရရှိထားသည့် သီလဝါသိုလှောင်ကန် စခန်းငါးခုနှင့် လှိုင်မြစ်တစ်လျှောက်၌ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရရှိထားသည့် သိုလှောင်ကန်စခန်း နှစ်ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီး၌ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ နေ့စဉ်ပျမ်းမျှ ဓာတ်ဆီဂါလန် သုည ဒသမ ၂၇ သန်းနှင့် ဒီဇယ်သုည ဒသမ ၁၈ သန်းဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

''ရန်ကုန်တိုင်းဒေသကြီးမှာ ပုဂ္ဂလိကစက် သုံးဆီအရောင်းဆိုင်တွေကနေ နေ့စဉ်ပျမ်းမျှ ဓာတ်ဆီဂါလန် သုည ဒသမ ၂၇ သန်းနဲ့ ဒီဇယ် သုည ဒသမ ၁၈ သန်းဖြန့်ဖြူးပေး နေပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအနေနဲ့ ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ကမ္ဘာ့ရေနံ ဈေးနှုန်းနဲ့အညီ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းဖြစ်စေဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရေးအသင်း (MPTA) က စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

ပြည်ပမှ တင်ဆောင်လာသော စက်သုံးဆီများကို အရည်အသွေးစစ်ဆေးရန် သင်္ဘော Chife Officer ထံမှ Loading Sample Result တောင်းခံ၍ Tanker ရှိ စက်သုံးဆီ အခန်းတိုင်းမှ Sample ယူ၍ အမှတ် (၁)ရေနံချက်စက်ရုံ(သန်လျင်) ဓာတ်ခွဲခန်း၌ စက်သုံးဆီ အရည်အသွေး စစ်ဆေးကာ စက်သုံးဆီများကို လက်ခံရယူလျက် ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...