Social Icons

Pages

Tuesday, March 6, 2018

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Stavros Lambrinidis အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၆-၃-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Stavros Lambrinidis အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး EU လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့်အတူ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယအထွေထွေမန်နေဂျာ Mrs. Paola Pampaloni ၊ မြန်မာ နိုင်ငံဆိုင်ရာ EU သံအမတ်ကြီး H.E.Mr. Kristian Schmidt နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် EU လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ်က မြန်မာနှင့် EU အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခဲ့မှုအခြေအနေများ၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး ပူးပေါင်းဖြေရှင်းဆောင် ရွက်သွားမည့်အခြေအနေများ၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံက ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ သုံးသပ်ချက်တစ်ခု ချမှတ်ဆောင် ရွက်ခဲ့သည့် အခြေအနေများအား ဦးစွာဆွေးနွေးပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတည်ငြိမ် အေးချမ်းမှုရှိအောင် ဆောင်ရွက်နေမှုအခြေအနေများနှင့် မောင်တော မြို့နယ်၊ အင်းဒင် ကျေးရွာ၌ အမည်မသိရုပ်အလောင်းများတွေ့ရှိမှုအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှု ရှိ/မရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ရခိုင်ပြည်နယ် အရေး ကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အတွင်း တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိအောင် ရှင်းလင်းဆောင်ရွက်ရာတွင် တပ်သားအဆင့်မှ အရာရှိကြီးများ အဆင့်အထိ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ အင်းဒင်ကျေးရွာကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် အင်းဒင်ကျေးရွာသုဿန်၌ အမည်မသိရုပ်အလောင်းများ တွေ့ရှိမှုအား စစ်ဆေးခဲ့မှုအပြင် မောင်တောဒေသတွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ROE နှင့်အညီ လိုက်နာ လုပ်ဆောင်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးမှုတို့ကို အင်္ဂလိပ်ဘာသာ သတင်းထုတ်ပြန် ထားသည့် သတင်းစာအထောက်အထားများဖြင့် ဆွေးနွေးခဲ့မှု အခြေအနေများ၊ ၎င်းစစ်ဆေး တွေ့ရှိချက်များမှ ROE အား ချိုးဖောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိမိတို့ တပ်မတော်အနေဖြင့် မည်သည့်ကိစ္စမဆို နိုင်ငံတကာ တပ်မတော်များနည်းတူ ဥပဒေနှင့်အညီ စည်းကမ်းရှိစွာ တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေအနေများ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရခိုင်ပြည်နယ်အတွင်း NGO ၊ INGO အဖွဲ့အစည်းများက ဘင်္ဂါလီများကိုသာ တစ်ဖက်သတ် စီစဉ်ဆောင်ရွက်မှု၊ ထောက်ပံ့မှု များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ စိတ်ခံစားရမှုအခြေအနေများ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ အရေးအခင်းနောက်ပိုင်း ICRC အဖွဲ့တစ်ခုတည်းဖြင့်သာ ရခိုင်ဒေသအတွင်း ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် နိုင်ငံတကာမီဒီယာများက ဖြစ်စဉ်မှန်များကို ဖုံးကွယ်၍ တစ်ဖက်သတ်ဖော်ပြချက်များ ကိုသာ ထုတ်လွှင့်ခဲ့မှုအခြေအနေများ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဘူးသီးတောင်၊ မောင်တောဒေသရှိ ရဲကင်းစခန်း ၃၀ ခု၊ တပ်ဌာနချုပ် ၁ ခုနှင့် ရခိုင်တိုင်းရင်းသား ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့မှု အခြေအနေများ၊ မောင်တော/ဘူးသီးတောင်ဒေသရှိ ဘင်္ဂါလီ အိမ်ထောင်စုတစ်စုချင်းအလိုက် များပြားသည့် မိသားစုဝင်များအဖြစ် နေထိုင်နေမှုအခြေအနေ ဓာတ်ပုံအထောက် အထားများ၊ ဓာတ်ပုံအထောက်အထားနှင့် ဆက်စပ်လျက် အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇ သိန်းနီးပါး ထွက်ပြေးခဲ့မှုများ၌လည်း အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူနှင့် ၎င်းတို့၏ မိသားစုဝင်များ အမြောက် အများပါဝင်အားပေး ပတ်သက် ဆက်စပ်မှုရှိနိုင်သည့် အခြေအနေများ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ဖြစ်စဉ်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များက ဘင်္ဂါလီကျေးရွာ တစ်ရွာချင်းအား စည်းရုံးသိမ်းသွင်းခြိမ်းခြောက်ခဲ့မှု အခြေအနေများ၊ ထွက်ပြေးဘင်္ဂါလီ များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ MOU စာချုပ် ချုပ်ဆိုဆောင်ရွက် ထားရှိမှုနှင့် အခြေခံအဆောက်အဦများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည် လက်ခံနေ ထိုင်မည့် စခန်းများသို့ EU သံအမတ်ကြီး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် သွားရောက်ကြည့်ရှုခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဆင့် အပြန်အလှန်ခရီးစဉ်ဖြင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများ၊ ထွက်ပြေးဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်မှစတင်၍ မြန်မာအစိုးရဘက်မှ အသင့်ဖြစ်လျက် လက်ခံရေး စောင့်ဆိုင်းနေသော်လည်း ယနေ့အချိန်ထိ ဘင်္ဂါလီတစ်ဦး တစ်ယောက်မျှသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း ပြန်လာခြင်းမရှိသေးဘဲ အကြောင်းအမျိုးမျိုးပြလျက် နိုင်ငံတကာသို့ ၎င်းင်းတို့ ပြန်လည်ဝင်ရောက်ရေး ကူညီပေးရန် အကူအညီတောင်းခံနေမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအားလုံးက ခိုးဝင်ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေဖြင့် စနစ်တကျစီမံခြင်းကို အဆိုပါဘင်္ဂါလီများက လက်ခံ၍ နိုင်ငံသားပြုမှုဆိုင်ရာ အဆင့်ဆင့်သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုလားချက်ဖြင့် ပြောဆိုရှင်းပြ လုပ်ကိုင်ပေးသော်လည်း ဘင်္ဂါလီများက လက်မခံခြင်း၊ လက်မခံအောင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက အကြပ်ကိုင်ခြိမ်းခြောက်ထားမှုအခြေအနေနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အတွင်း ရှိပြီး တိုင်းရင်းသားလူမျိုးထဲတွင် သမိုင်းကြောင်းအရမရှိခဲ့သည့် “ရိုဟင်ဂျာ” လူမျိုး တစ်မျိုးအမည်ဖြင့် တိုက်ရိုက်နိုင်ငံသားရရှိလိုမှုအခြေအနေ၊ နိုင်ငံတကာ နိုင်ငံသား ဖြစ်ခွင့်နှင့်ပတ်သက်၍ နိုင်ငံအလိုက် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်း အခြေအနေ များအပေါ် အသေးစိတ် ၁ နာရီခွဲကြာမျှ ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E.Mr. Stavros Lambrinidis တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...