Social Icons

Pages

Tuesday, March 6, 2018

သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေး ဂိတ်အနီး တရားမဝင်သစ်များ သိမ်းဆည်းရမိ



နေပြည်တော် ၆-၃-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရေပူဂိတ်အနီးရှိ ပိန်းဆာကျေးရွာနှင့် မိုင်းလီကျေးရွာ အနီးတို့တွင် ယာဉ်များရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မစ်ဆူဘီရှီအမျိုးအစား၊ ယာဉ်အမှတ်၊ YGN 7B/----ယာဉ်ပေါ်မှ ပိတောက်သစ်ဓားရွေတုံး ၃၆ တုံး(၁ တန်ခန့်)နှင့် TOYOTA IPSUM အမျိုးအစား၊ ယာဉ်အမှတ်၊ YGN 2N/---- ယာဉ်ပေါ်မှ ပိတောက် သစ်ဓားရွေတုံး ၁၉ တုံး (သုည ဒသမ ၉ တန်ခန့်) တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များနှင့် တရားမဝင်သစ်များအား သိန်းနီမြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...