Social Icons

Pages

Tuesday, March 13, 2018

ကော့သောင်းမြို့၌ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပမည်



ကော့သောင်း ၁၃-၃-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကော့သောင်းမြို့သို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ ယခင်ကထက် ပိုမိုဝင်ရောက် လာစေရန်ရည်ရွယ်၍ ယင်းမြို့ရှိ သီရိမင်္ဂလာပြည်သူ့ရင်ပြင် သုံးမိုင်ကွင်း၌ မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါပွဲတော်ကို မည်သူမဆိုအခမဲ့ လာရောက်လေ့လာ ကြည့်ရှုနိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပြခန်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းများ၏ပြခန်းများ၊ သစ်တောဦးစီး ဌာနပြခန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနပြခန်း၊ ယဉ်ကျေးမှု ဦးစီးဌာနပြခန်း၊ ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းရှင်များ၏ ပြခန်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကျွန်းစုများနှင့် ပတ်သက်သော ပြခန်းနှင့် ပုလဲမွေးမြူရေးပြခန်း များကို ပြသမည် ဖြစ်သည်။

ပွဲတော်ကျင်းပသော ရက်များတွင် နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသ ထားမည် ဖြစ်သည်။

''ပွဲကိုလာရောက်တဲ့ ပြည်သူတွေ အနေနဲ့ ခရီးသွားနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကဏ္ဍ အကြောင်းတွေကို လေ့လာနိုင်ဖို့ ပွဲတော်ကျင်းပတဲ့ ရက်တွေမှာ ဒီပွဲနဲ့အတူ ကော့သောင်းမြို့ရဲ့ Victoria Cliff Hotel မှာလည်း ပြည်တွင်းမှာရှိတဲ့ကျွမ်းကျင် ပညာရှင်တွေက ဒီကဏ္ဍတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အခမဲ့ ဟောပြောဆွေးနွေးမှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...