Social Icons

Pages

Tuesday, March 6, 2018

ကျိုင်းတုံမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်လုံးများ သိမ်းဆည်းရမိ



နေပြည်တော် ၆-၃-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မတ် ၄ ရက် နံနက်ပိုင်းတွင် နမ့်ခမ်းကျေးရွာ၏ အရှေ့ဘက် ၅ မိုင်ခန့် အကွာသို့အရောက်၌ တရားမဝင်ထင်းရှူးသားဆိုဒ်စုံ ၂၈ တန်ခန့်အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယနေ့ညနေပိုင်းတွင် နမ့်ခမ်းကျေးရွာ၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ၌ တရားမဝင် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ ၃၈ တန်ခန့်အား ပိုင်ရှင်မဲ့ထပ်မံ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...