Social Icons

Pages

Monday, March 19, 2018

ဧပြီ ၁ ရက်မှစ၍ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံဗိသုကာ ကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ ဗိသုကာပညာရှင်များဖြင့်သာ ရန်ကုန်မြို့၌ အဆောက်အအုံကြီးကြပ်ဆောက်လုပ်ခွင့်ပြုမည်



ရန်ကုန် ၁၉-၃-၂ဝ၁၈

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းဆောက်လုပ်သည့် အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အင်ဂျင်နီယာ လိုင်စင်များအား စိစစ်၍ ထုတ်ပေးခဲ့ရာ အဆိုပါလိုင်စင်များသည် ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ဧပြီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီများတွင် မှတ်ပုံတင်ထားသော အင်ဂျင်နီယာ၊ဗိသုကာပညာရှင်များဖြင့်သာ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အဆောက်အအုံများကို ကြီးကြပ်ဆောက်လုပ် ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ် နိမိတ်အတွင်း အဆောက်အအုံများ ကြီးကြပ်ဆောက်လုပ်ခွင့် ရရှိသည့် အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မှတ်ပုံတင်ကြေး ထပ်မံပေးဆောင်ရန် မလိုကြောင်းနှင့် ကြီးကြပ်ဆောက်လုပ် ခွင့်ရှိသည့် အဆောက်အအုံ အမျိုးအစား၊ အဆောက်အအုံ အမြင့်တို့ကိုလည်း သက်ဆိုင်ရာ ကောင်စီများ၏ သတ်မှတ်ချက်အတိုင်းသာ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အအုံများ ကြီးကြပ်ဆောက်လုပ်ခွင့် ရရှိသည့် အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက် ရမည်ဖြစ်ပြီး လိုင်စင်ရယူထားသည့် အင်ဂျင်နီယာများ အနေဖြင့် သက်ဆိုင်ရာ ကောင်စီများနှင့် လိုအပ်သလိုဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...