Social Icons

Pages

Monday, March 19, 2018

ယခုနှစ်သင်္ကြန်တွင် နေပြည်တော် ဟိုတယ်ဇုန်၌ သင်္ကြန်မဏ္ဍပ် လျှောက်ထားမှု တစ်ခုသာရှိနေ



နေပြည်တော် ၁၉-၃-၂ဝ၁၈

ယခုနှစ်သင်္ကြန်ကာလ အတွက်နေပြည်တော် ဟိုတယ်ဇုန်အတွင်း ကုမ္ပဏီကြီးများမှ သင်္ကြန် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် လျှောက်ထားမှုမှာ ယနေ့ချိန်ထိ တစ်ခုသာရှိပြီး ဆောက်လုပ်နေပြီ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက နေပြည်တော်ဟိုတယ်ဇုန် အတွင်းသင်္ကြန် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ခွင့်အတွက် လျှောက်ထားမှုများ မရှိခဲ့ဘဲ ယခုနှစ်သင်္ကြန်ကာလတွင် နေပြည်တော် ဟိုတယ်ဇုန်၌ သင်္ကြန်ရေကစား မဏ္ဍပ်နှင့် ဖျော်ဖြေရေး မဏ္ဍပ်လျှေက်ထားမှုမှာ ရွှေသံလွင်ကုမ္ပဏီ လီမိတက်တစ်ခုသာ လာရောက်လျှောက်ထားမှုရှိပြီး အဆိုပါ ရွှေသံလွင်ကုမ္ပဏီ လီမိတက်၏ လျှောက်ထားမှုကို ခွင့်ပြုပေးထားကာလက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောပြ၍ သိရသည်။

ယခုနှစ်တွင် နေပြည်တော်၌ သင်္ကြန်ကာလ အစည်ကားဆုံး နေရာတစ်ခုဖြစ်သည့် နေပြည်တော် ဟိုတယ်ဇုန်တွင် သင်္ကြန်ရေ ကစားမဏ္ဍပ်များ တည်ဆောက်မှု နည်းနေကြောင်း သိရသည်။

ယခုနှစ်သင်္ကြန်ကာလတွင် အဆိုပါဟိုတယ်ဇုန်၌ ရွှေသံလွင် ကုမ္ပဏီ၏ ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုသာ ရှိနေပြီး နေပြည်တော်ရှိ မြို့နယ်ရှစ်ခုတွင် လက်ရှိချိန်ထိ ရေကစားမဏ္ဍပ် လျှောက်ထားမှု ၁၇ခုထိရှိကြောင်း၊ထို့ပြင် နေပြည်တော် ပျဉ်းမနားမြို့တွင် ပထမဆုံးအနေဖြင့် လမ်းလျှောက်သင်္ကြန်ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ကျွန်တော်တို့မြို့တော် ဝန်မဏ္ဍပ်မှာ ထူးထူးခြားခြား အနေနဲ့ကတော့ ငြိမ်းချမ်းရေးဂီတ ပြိုင်ပွဲကအဆိုတော်တွေ ၁ဝ ယောက် လောက်လာရောက် ဖျော်ဖြေဖို့ရှိပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်ပုံစံ ပြုလုပ်သွားမှာပါ။ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့က တီးခတ်ပေးမှာပါ။ တခြား နာမည်ကြီး အဆိုတော်တွေလဲ ငှားထားပါတယ်။ ဘယ်သူတွေဆိုတာတော့ မသိရသေးပါဘူး"ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်ဦးမင်းသူက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...