Social Icons

Pages

Tuesday, February 20, 2018

YBS သီးသန့်ယာဉ် ရပ်နားကွင်းနှစ်ခု တည်ဆောက်ပေးရန် စီစဉ်နေ



ရန်ကုန် ၂ဝ-၂-၂ဝ၁၈

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်များ လမ်းပေါ်၌ အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်နားခြင်း မရှိစေရန် ရည်ရွယ်၍ ယင်းမော်တော်ယာဉ်များ ရပ်နားနိုင်ရေး သီးသန့်ယာဉ်ရပ်နား ကွင်းနှစ်ခု တည်ဆောက်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ သိရသည်။

ယင်းယာဉ်ရပ်နားကွင်း တစ်ခုစီအတွက်မြေ ၁ဝ ဧကစီ လျာထားပြီး ရွှေပြည်သာနှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တို့၌ တည်ဆောက်မည်ဖြစ်ကာ ယခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း၊ YBS ယာဉ်များမှာ ယာဉ်ရပ်နားခြင်းအပြင် မော်တော်ယာဉ်ပြင်ဆင်ခြင်း တို့ကိုပါ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

''YBS ယာဉ်တွေ သီးသန့်ရပ်နားဖို့နဲ့ ပြင်ဆင်တာတွေကို အဲဒီရပ်နားကွင်းမှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ မြို့တွင်းလမ်းမတွေမှာ ကားရပ်ပြီး ပြင်တာတွေမရှိ နိုင်တော့လို့ ယာဉ်ကြောကျပ်တည်းမှု တွေကို လျော့ကျ စေမှာပါ'' ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြို့တွင်းယာဉ်ကြော ရှုပ်ထွေးမှုများကို အလေးထားဆောင်ရွက် လျက်ရှိပြီး စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း များကိုလည်း စနစ်တကျဖြစ်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကားဝင်းများ တည်ဆောက်ပြီးစီးပါက လမ်းပေါ်၌ အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ ရပ်နားထားသော YBS ယာဉ်များကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...