Social Icons

Pages

Friday, February 2, 2018

ကမ္ဘောဒီးယား ကစားသမားနှင့် MMA ပွဲယှဉ်ပြိုင်ရန် ဖိုးသော် ထိုင်းနိုင်ငံ၌ လေ့ကျင့်



ရန်ကုန် ၂-၂-၂ဝ၁၈

MMA ကစားသမား ဖိုးသော်သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ယှဉ်ပြိုင်ရမည့် ကမ္ဘောဒီးယား ကစားသမား ဆိုဆေးနှင့်ပွဲအတွက် ထိုင်းနိုင်ငံ၌ သွားရောက် လေ့ကျင့်နေကြောင်း သိရသည်။

ဖိုးသော်သည် ထိုင်းနိုင်ငံ ဖူးခက်မြို့၌ နှစ်ပတ်ကြာ လေ့ကျင့်မည်ဖြစ်ပြီး ယခုပြိုင်ပွဲအတွက် အောင်မြင်မှုရရန် ရည်မှန်းထားကြောင်း သိရသည်။ MMA One Championship ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမား ဖိုးသော်က ကမ္ဘောဒီးယားနိုင်ငံမှ ဆိုဆေးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဖိုးသော်သည် ယင်းပြိုင်ပွဲအတွက် ယမန်နေ့က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက်အထိ နှစ်ပတ်ကြာလေ့ကျင့် ပြင်ဆင်မည်ဖြစ်သည်။

''ပြည်ပကစားသမားတွေနဲ့ ပထမဆုံး ယှဉ်ပြိုင်ရတာဆိုတော့ ကျွန်တော့်အတွက် ဖိအားတွေရှိပါတယ်။ အရင်က ပြည်တွင်းမှာနိုင်ပြီး ပြည်ပကျမနိုင်ဘူး ဆိုတာမျိုး ပရိသတ်တွေက ပြောလာမှာစိုးရိမ် တဲ့အတွက် ကျွန်တော်ပြိုင်ပွဲကို ပုံစံချပြီး သေချာပြင်ဆင် နေပါတယ်။ ဆိုဆေးက ချုပ်တဲ့အပိုင်းမှာ ကောင်းတဲ့အတွက် ဂျူဂျစ်ဆုပိုင်းသင်ဖို့အတွက် ထိုင်းနိုင်ငံမှာ လေ့ကျင့်ဖြစ်တာပါ။ ပရိသတ်အားနဲ့ အနိုင်ရအောင် ယှဉ်ပြိုင်သွားမှာပါ'' ဟု ဖိုးသော်ကပြောသည်။

ကမ္ဘော ဒီးယား MMA ကစားသမား ဆိုဆေးနှင့် ယှဉ်ပြိုင်မည့်ပွဲအတွက် သက်လုံပိုင်းနှင့် ကြံ့ခိုင်မှုပိုင်းကို ဦးစားပေး လေ့ကျင့်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...