Social Icons

Pages

Friday, February 2, 2018

တရားမဝင်သစ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်ကို အခြားယာဉ်မှ ကျော်တက်စဉ် ယာဉ်တိုက်မှုဖြစ်ပွား ဂိတ်တဲကို ဝင်ရောက်တိုက်မိ



တောင်တွင်းကြီး ၂-၂-၂ဝ၁၈

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ခင်တဲကျေးရွာ မြို့ဝင်ကြေး ကောက်ခံရေး ဂိတ်တွင်တရားမဝင် သစ်များသယ်ဆောင် လာသည့်ယာဉ်ကို ယာဉ်တစ်စီးက နောက်မှကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မြီးဖြင့် တိုက်မိခဲ့သဖြင့် တစ်ဖက်ယာဉ်မှာ မြို့ဝင်ကြေး ကောက်ခံရေးဂိတ် ယာယီနားနေဆောင်ကို ဝင်ရောက်တိုက်မိ ခဲ့ကြောင်း တောင်တွင်းကြီး မြို့နယ်ရဲစခန်းမှ သိရသည်။

မြို့သစ်မြို့နယ်မှ တောင်တွင်းကြီးမြို့နယ်သို့ ယနေ့ မွန်းလွဲ ၂ နာရီမိနစ် ၃ဝတွင် ယာဉ်မောင်း အောင်ကျော်စိုး (ဘ) ဦးအေးလေး ရွှေပန်းကျေးရွာ မြို့သစ်မြို့နယ်နေသူသည် CANDA ဖြူပြာကျားယာဉ်ဖြင့် ခရီးသည်ခုနစ်ဦးနှင့် အတူ အိမ်ဆောက်ရန်အတွက် ၎င်းပိုင်သစ်မာသား ၉၃ ချောင်း၊ သုည ဒသမ ၉၃၈၈ တန်ကို တင်ဆောင်မောင်းနှင်လာစဉ် တောင်တွင်းကြီးမြို့နယ် ခင်တဲကျေးရွာ မြို့ဝင်ဘီးခွန် ကောက်ခံရေးဂိတ်သို့ ရောက်ရှိစဉ် လားရာတူ လမ်းအတိုင်း ယာဉ်မောင်းကျော်စွာဝင်း (ဘ) ဦးစိန်ဝင်း ကုန်းဇောင်းရွာ ပွင့်ဖြူမြို့နယ်နေထိုင်သူ မောင်းနှင်လာသော 4K------CANDA အဖြူရောင်ယာဉ်ပေါ်တွင် ခရီးသည် ငါးဦးကို တင်ဆောင်မောင်းနှင်လာသည့် မော်တော်ယာဉ်က ရှေ့မှ အောင်ကျော်စိုး မောင်းနှင်သောယာဉ်ကို ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏နောက်မြီးဖြင့် တိုက်မိသဖြင့် အောင်ကျော်စိုး မောင်းနှင်သော ယာဉ်မှာ ကားလမ်းယာဘက် ခြမ်းတွင်ရှိသော မြို့ဝင်ကြေးဘီးခွန် ကောင်ခံရေးဂိတ်၏ ယာယီနားနေဆောင်ကို ဝင်ရောက်တိုက်မိရာ နားနေဆောင်မှာ ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ဝဝဝဝခန့် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အောင်ကျော်စိုးယာဉ်ပေါ်တွင် လိုက်ပါလာသူ မကံတင်၌ နာကျင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင် ကြသူများဖြစ်သည့် ကျော်စွာဝင်းနှင့် အောင်ကျော်စိုးတို့ကို ယနေ့ ညနေ ၃နာရီမိနစ် ၃ဝ တွင် တောင်တွင်းကြီးမြို့မ ရဲစခန်းက (ပ)၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ အရ အရေးယူဆောင်ရွက် ထားရှိပြီး တရားမဝင်သစ်များ သယ်ဆောင်လာသူ အောင်ကျော်စိုးကို တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနက သစ်တောအက်ဥပဒေပုဒ်မ-၄၁ (က)ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...