Social Icons

Pages

Thursday, February 8, 2018

သီတဂူဆရာတော်၏ သက်တော် ၁ နှစ်ပြည့် မွေးနေ့အလှူတော် အဖြစ်သံဃာတော် အပါး ၃ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ ဆွမ်းကြီးလောင်းလှူမည်



စစ်ကိုင်း ၈-၂-၂ဝ၁၈

သီတဂူဆရာတော်၏ သက်တော် ၈၁ နှစ်ပြည့် မွေးနေ့ အလှူတော်အဖြစ် သံဃာအပါး ၃ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝအား ဆွမ်းကြီး လောင်းလှူသွားမည် ဖြစ်ကြောင်း သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ သိရသည်။

လာမည့် တပေါင်း လပြည့်နေ့တွင် ကျရောက်မည့် သီတဂူဆရာတော် ဘဒ္ဒန္တဥာဏိဿရ၏ သက်တော် ၈၁ နှစ်ပြည့် မွေးနေ့အလှူတော် အနေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၅ နာရီတွင် စစ်ကိုင်းမြို့ ထူပါရုံစေတီတော် မြတ်ကြီးရင်ပြင်တော်၌ စစ်ကိုင်းမြို့ မှပင့်သံဃာအပါး ၁ဝဝဝ တို့အား ဆွမ်းကြီးလောင်းလှူ သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီလရှင်ဆရာကြီး၊ဆရာလေးအပါး ၁ဝဝဝ တို့အား ဆွမ်းကြီးလောင်းလှူ သွားမည် ဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သိရသည်။

ထို့ပြင် မတ်လ ၁ ရက် နံနက် ၅ နာရီတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ စစ်ကိုင်းတောင်ရိုးမှ ပင့်သံဃာအပါး ၁ဝဝဝ တို့အားဆွမ်းကြီး လောင်းလှူသွားမည် ဖြစ်ပြီး အဆိုပါနေ့ မွန်းလွဲ ၂ နာရီတွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီ၊ သီတဂူသံဝေဇနိယ ဗိမာန်တော်၌ သီတဂူတပည့်သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမအပေါင်းတို့က သီတဂူအဓိပတိ ဆရာတော်အား ကန်တော့၍ သြဝါဒ တရားနာယူသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍မတ်လ ၂ ရက်နံနက် ၅ နာရီတွင် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ၌ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ တောင်ငူရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ပညာသင်ယူ နေကြသောစာချ၊ စာသင်သံဃာတော်အပါး ၁ဝဝဝတို့အား ဆွမ်းကြီးလောင်းလှူ သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...