Social Icons

Pages

Thursday, February 8, 2018

ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရွက်နေစဉ် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး တွေ့ရှိသဖြင့် အမှုဖွင့် တိုင်တန်း



ကျောက်ဆည် ၈-၂-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁ဝ နာရီက လိုင်စင်မဲ့ကားတစ်စီး တွေ့ရှိသဖြင့် မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့လယ် မီးပွိုင့်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်စုမှူးရဲအုပ် ကျော်စိုးလွင် ဦးဆောင်သော အဖွဲ့သည် ယာဉ်အန္တရာယ် ကင်းဝေးစေရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မန္တလေးဘက်မှ မူဆယ်မြို့ မြောက်ရပ်ကွက် အိမ်အမှတ် (၆၄)တွင် နေထိုင်သည့် ဦးစိုင်းဆိုင်လင်း (ဘ) ဦးမောက်ရှမ်း မောင်းနှင်လာသည့် 3J/----(WISH) အမျိုးအစား အနက်ရောင် မော်တော်ယာဉ်ကို မသင်္ကာ၍ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ယာဉ်နှင့်ပတ်သက်သည့် သက်သေခံစာရွက် စာတမ်းများ ပြသနိုင်ခြင်းမရှိသဖြင့် ရဲအုပ်ကျော်စိုးလွင်က တရားလိုပြုလုပ် တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိုင်းဆိုင်လင်းကို ကျောက်ဆည်မြို့မရဲ စခန်းက(ပ)၁ဝ၇/၂ဝ၁၈၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈/၁ဝဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...