Social Icons

Pages

Tuesday, February 13, 2018

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် သီးနှံစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေ



ရေစကြို ၁၃-၂-၂ဝ၁၈

ရေစကြိုမြို့နယ် ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာတွင် ၂ဝ၁၈ ခုနှစ် နွေစပါးဧက ၃၇ဝ နှင့် အခြားနွေသီးနှံ ဧက ၅ဝ စုစုပေါင်းစိုက်ဧက ၄၂ဝ အတွက် စိုက်ပျိုးရေများ စတင်ပေးဝေနေပြီ ဖြစ်ကြောင်း ရွှေချောင်းလျှပ်စစ် မြစ်ရေတင် လုပ်ငန်းမှ သိရသည်။

ရွှေချောင်းလျှပ်စစ် မြစ်ရေတင် ရေသောက်ဧရိယာမှာ ၂ဝ၁၈ ခုနှစ် နွေစပါး ဧက ၃၇ဝနှင့် အခြားနွေသီးနှံဧက ၅ဝ စုစုပေါင်း စိုက်ဧက ၄၂ဝ ကို ညောင်စောက် ကျေးရွာအုပ်စုအတွင်းရှိ ညောင်စောက်၊ရွှေကျောင်း၊ကျောမကြား ကွင်းများတွင် စိုက်ပျိုးရန် ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက် ထားရှိကြောင်း၊ စိုက်ပျိုးရေး နည်းပညာများနှင့် အခြားလိုအပ်ချက်များ ကိုလည်း ကူညီပံ့ပိုး ပေးလျက်ရှိကြောင်း ရေစကြိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်က ပြောပြသည်။

ယခုအခါ ရွှေချောင်း လျှပ်စစ်မြစ်ရေတင် ဧရိယာတွင် နွေစပါးနှင့် အခြားနွေသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် အတွက်မြေယာ ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများကို နွားဖြင့်လည်းကောင်း၊ လက်တွန်းထွန် စက်တို့ဖြင့် လည်းကောင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...