Social Icons

Pages

Tuesday, January 9, 2018

ယခုနှစ်တွင် ရတနာနယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေသူများ သိန်းချီထိ တိုးလာနေ



ဖားကန့် ၉-၁-၂ဝ၁၈

ယခုနှစ်တွင် ရတနာ နယ်မြေဖြစ်သော ကချင်ပြည်နယ် ဖားကန့်၌ ရေမဆေးကျောက် ရှာဖွေသူများ သိန်းချီထိ တိုးလာနေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်)မှ သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများမှ စွန့်ပစ် သည့်မြေစာပုံများတွင် ကျောက်မျက်ရတနာများ လာရောက်ရှာဖွေကြသည့် ရေမဆေးကျောက် ရှာဖွေသူအရေအတွက်သည် ယခင်နှစ်များထက် သိန်းချီထိတိုးလာနေကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း (ဖားကန့်) ဥက္ကဋ္ဌဦးမောင်ထွန်းက ပြောပြသည်။

"ရေမဆေးကျောက် ရှာဖွေသူတွေ အတော်ကိုများတယ်။ သူတို့က ဖားကန့်တက်ပြီး ကျောက်ရှာရင်ပဲ နေချင်းညချင်း သူဌေးဖြစ်တယ် လို့ထင်ပြီး တက်လာကြတယ်။ နောက်ပြီးတော့ သူတို့ကလာရင် မိသားစုလိုက် လာကြတာ။အဲဒီတော့ လူဦးရေကတအားကို များနေတယ်။ ဖားကန့်မှာ အရင်ကကျွန်တော်တို့ ရောက်တုန်းကဆိုလူကို သိပ်မရှိပါဘူး။ အခုက ရွာတွေလိုကိုဖြစ်နေပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခင်နှစ်များက ရတနာနယ်မြေ ဖားကန့်သို့ မြန်မာနိုင်ငံတစ်ဝန်းမှ ရေမဆေးကျောက် လာရောက်ရှာဖွေသူ အရေအတွက်သည် တစ်သိန်းကျော်ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ကျောက်မျက်ရတနာ တူးဖော်ရေး ရာသီချိန် တွင် ရေမဆေးကျောက် လာရောက်ရှာဖွေသူ အရေအတွက်သည် သုံးသိန်းခန့်ရှိကြောင်း သိရသည်။

"ကျောက်တစ်ခါမှ မရှာဘူးတဲ့ သူတွေလဲပါပါတယ်။ အဲဒီအတွက် အန္တရာယ်များတယ်။ တကယ့်လုပ်သက်ရှိတဲ့ တွင်းသမားတို့ ကျောက်ရှာ သူတို့ကမှ စွန့်ပစ်မြေစာပုံမှာ ဘယ်ဘက်ကို တူးလိုက်ရင်ဘယ်လိုဖြစ် သွားမယ်ဆိုတာမျိုးသိတယ်။ အခုက မြေစာပုံအောက်ခြေကနေ တူးနေတာမျိုးကို လုပ်နေတဲ့အတွက် မြေစာပုံဟောင်းတွေ ပြိုကျမှုတွေ ဖြစ်နေတာပါ" ဟု ဖားကန့်မြို့နယ်တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ကိုင်နေ သူတစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...