Social Icons

Pages

Tuesday, December 19, 2017

မန္တလေးတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာကို ငွေကျပ်ခုနစ်ဘီလီယံအကုန်အကျခံ၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်



မန္တလေး ၁၉-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မြို့နယ် ငါးမြို့နယ်ရှိ ကျေးရွာ ၂၁ ရွာကို ငွေကျပ်ခုနစ်ဘီလီယံ အကုန်အကျခံ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးအောင်လင်းကပြောပြ၍ သိရသည်။

တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျေးရွာ ၁၂ ရွာကိုဒီဇင်ဘာလကုန်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီးဖြည့်စွက် ရန်ပုံငွေ၊ ပြည်ထောင်စု ရန်ပုံငွေနှင့်ကျန်ရှိသည့် ကျေးရွာကိုးရွာကို ဆက်လက်လုပ်ဆောင်နိုင်ရန် တင်ဒါများကို ဒီဇင်ဘာလကုန်တွင် ခေါ်ယူကာ ဇန်နဝါရီလတွင် လုပ်ငန်းများစတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ရေကျချိန်ဖြစ်သည့် အတွက်ကွင်းဆင်း စစ်ဆေးမှုများ စလုပ်နေကြောင်း၊ ကာကွယ်ရေးလုပ်ငန်း စတင်လုပ်နေကြောင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဌာနအနေဖြင့် ဆက်တိုက်လုပ်ဆောင် ပေးနေသော်လည်း အချို့ကျေးရွာများတွင် ကမ်းပြိုမှုရပ်တန့်မသွားဘဲ ဆက်ပြိုနေကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပြပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုကမ်းပြိုနေသော ကျေးရွာအများစုသည် ယခင်အဆက်ဆက်ကတည်းက ပြိုလက်စရှိနေသော ကျေးရွာများဖြစ်ပြီး ကမ်းပြိုကာကွယ်ရေးကို ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ရောက်မှသာလျှင် ထိရောက်စွာ စတင်လုပ်ဆောင် နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ ဦးစီးမှူးဦးတိုးအောင်လင်းက ပြောပြသည်။

"ဘတ်ဂျက်မလုံလောက်လို့ ရသလောက်လုပ်ပေးခဲ့ ရတဲ့ရွာတွေရှိတယ်။ အချို့ရွာတွေမှာဒီနေရာကို လုပ်ပေးထားတော့ နောက်နှစ်တစ်ခြား နေရာကပြိုနေတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ယခုနှစ် ကမ်းပြိုကာကွယ်ရေး ပြုလုပ်ပေးမည့် စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ညောင်ဦးမြို့နယ် ငါးမြို့နယ်မှ ကျေးရွာ၂၁ ရွာဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...