မြ၀တီ ၁၄-၁၂-၂၀၁၇
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ခရီးသွားလာရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် အပျော်တမ်း ကားမောင်းပြိုင်ပွဲမှ မော်တော်ယာဉ်များသည် ထိုင်းနိုင်ငံအတွင်းလည်ပတ်ပြီး ဒီဇင်ဘာ၁၂ ရက် ညပိုင်းက မြဝတီမြို့မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာ သွားကြောင်း သိရသည်။
ချစ်ကြည်ရေး မော်တော်ယာဉ်များသည် နိုဝင်ဘာ ၂၇ရက်က အိန္ဒိယနိုင်ငံမှ စတင်ထွက်ခွာလာပြီး မြန်မာနိုင်ငံ တမူးမြို့မှ တစ်ဆင့်ကလေးမြို့၊ ပုဂံ၊ မန္တလေး၊ ရန်ကုန်နှင့် မော်လမြိုင်မြို့တို့သို့ ဖြတ်သန်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင်ကရင်ပြည်နယ် မြဝတီမြို့သို့ရောက်ရှိကာ ထိုင်းနိုင်ငံတွင် လည်ပတ်ရန် အမှတ် (၁) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေး မော်တော်ယာဉ်များသည် အစီးရေ ၂ဝ ဖြင့် အိန္ဒိယနိုင်ငံသား Mr. Vikram Singhla က ဦးဆောင်ကာအဖွဲ့ဝင် စုစုပေါင်း ၄၂ဦးဖြင့် သုံးနိုင်ငံသို့ လည်ပတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ချစ်ကြည်ရေး မော်တော်ယာဉ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာ မည်ဖြစ်ရာ စတင်တာထွက်ပွဲ အခမ်းအနားကို မြဝတီမြို့ Grade One Hotel ရှေ့၌ ယနေ့နံနက် ၇နာရီမိနစ် ၃ဝက ကျင်းပခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြဝတီခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်ကြည်ရေး မော်တော်ယာဉ်များသည် မြဝတီမြို့မှတစ်ဆင့် ကျိုက်ထီးရိုး၊ ရန်ကုန်၊ မန္တလေး၊ပုဂံ၊ ကလေး၊ တမူးမြို့တို့သို့ သွားရောက်ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။
#Yadanarpondaily
No comments:
Post a Comment