ရန်ကုန် ၁၁-၁၂-၂၀၁၇
ဝါးကို စနစ်တကျစိုက်ပျိုးမှု နည်းပါး နေသေးသည့်အတွက် ပြည်တွင်းပြည်ပ ကမ်းလှမ်းမှုများကို မဖြည့်ဆည်းပေး နိုင်သေးကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းထံမှ သိရသည်။
ထိုသို့ကမ်းလှမ်းရာတွင် တောင်ကိုရီးယားနိုင်ငံက လစဉ် အဆင့်မီသည့် ဝါးအလုံးရေ တစ်သိန်းတင်ပို့ရန် ကမ်းလှမ်းခဲ့သော်လည်း မတင်ပို့နိုင်သေးသည့်အပြင် ပြည်တွင်းရှိ မျှစ်စက်ရုံများ၏ ကုန်ကြမ်း လိုအပ်ချက်ပြည့်မီ
ရန်ပင် ခက်ခဲနေသေးကြောင်း သိရသည်။
''အခုဆိုရင် တောင်ကိုရီးယားနိုင်ငံက တစ်လကို အဆင့်မီသည့် ဝါးအလုံးရေ တစ်သိန်းဝယ်မယ်ဆိုတာတောင် ရောင်းစရာဝါးမရှိဘူး ဖြစ်နေတယ်။ နောက်ပြီး နေပြည်တော်က မျှစ်စက်ရုံဆိုရင် တစ်နှစ်ကို သူတို့လိုချင်တဲ့ ကုန်ကြမ်းက မရဘူးဖြစ်နေတယ်'' ဟု ဦးကျော်ဝင်းက ပြောသည်။
ထိုသို့ ဝါးတင်ပို့ရန် အခက်အခဲများ ရှိနေသည့်အတွက် ပြည်တွင်း၌ ဇုန်များဖော်ဆောင်ကာ ဝါးစနစ်တကျစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောတွင် ဂျပန်နိုင်ငံသို့ ရှမ်းပြည်နယ် ပင်လောင်းဒေသမှဝါးအနည်းငယ် တင်ပို့လျက်ရှိပြီး ဝါးမှထွက်ရှိသော ကုန်ချောများကို ပြည်ပနိုင်ငံဈေးကွက်အထိ တင်ပို့နိုင်ရန် ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Themyawadydaily


No comments:
Post a Comment