Social Icons

Pages

Tuesday, December 12, 2017

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်သန်း ၁၅၀၀ သုံးစွဲသွားမည်



မန္တလေး ၁၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အတွင်းရှိ လက်ဆောင်ယူ ကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာတို့တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သန်း ၁၅ဝဝသုံးစွဲသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြ၍ သိရသည်။

"ဒီရွာနှစ်ရွာမှာ ကမ်းပြိုတာက နှစ်တိုင်းဖြစ်နေတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ကလဲ လက်ဆောင်ယူကျေးရွာရဲ့ ကမ်းခြေဘက်ကို ရေကြောင်းပြောင်း စီးဆင်းလာပြီး ရေဦးထိုးတိုက်စားလို့ ထပ်ပြီးကမ်းပြိုတာတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်အရေးပေါ် ကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ အရေးပေါ် ရန်ပုံငွေနဲ့ ဆောင်ရွက်သွားပါမယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါကျေးရွာနှစ်ရွာ၏ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို လာမည့် ဇန်နဝါရီလ ဒုတိယပတ်မှစ၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို တိုက်ရိုက်ကာကွယ်ရေးနှင့် သွယ်ဝိုက်ကာကွယ်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူထားပြီး ကာကွယ်ရေးဆောင်ရွက်မည့် အင်ဂျင်နီယာ ဒီဇိုင်းများရေးဆွဲ တွက်ချက်လျက်ရှိကြောင်း အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (အင်ဂျင်နီယာဌာန) ဦးကျော်မြင့်သန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...