Social Icons

Pages

Thursday, December 7, 2017

အထူးအိမ်ရာအရောင်းပြပွဲတွင်ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်




ရန်ကုန် ၇-၁၂-၂၀၁၇

iMyanmarHouse.com မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (မြောက်ပိုင်း) မြို့နယ်ရှိ Pinlon Village Residence အထူးအိမ်ရာအရောင်းပြပွဲတွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်ခဲ့ကြောင်း
iMyanmarHouse.com  ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။

အဆိုပါ အထူးအိမ်ရာအရောင်းပြပွဲကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် City Mall ဈေးဝယ်စင်တာ၌ ကျင်းပပြီး ပြပွဲနှစ်ရက်အတွင်း ပထမဆုံးဝယ်ယူ သူများအတွက် ငွေကျပ်သိန်း ၁၅ဝ အထိ သက်သာခွင့်နှင့် အထူးငွေချေ မှုပုံစံသုံးမျိုးဖြင့် ရောင်းချပေးခဲ့ရာ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်ခဲ့သည်။

Pinlon Village Residence ကို ငါးဧကကျယ်ဝန်းသော ဂရန်မြေပေါ်၌ ဆောက်လုပ်ထားပြီး Phase (1) တွင် အဆောက်အအုံခုနစ်လုံးနှင့် Phase (2) တွင် အဆောက်အအုံသုံးလုံး ပါဝင်မည်ဖြစ်သည်။ Phase (1) မှ အခန်း များကို ၂ဝ၁၈ ခုနှစ် ဇွန်လတွင် သော့အပ်မည်ဖြစ်ပြီး Phase (2) မှအခန်းများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် သော့အပ်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ iMyanmarHouse.com ကကြီးမှူးကျင်းပတဲ့ Pinlon Village Residence အထူးအရောင်းပြပွဲမှာ ဝယ်သူတွေ အဆင်ပြေအောင် ငွေချေမှု ပုံစံသုံးမျိုး စီစဉ်ပေးထားပါတယ်။ ကုမ္ပဏီနဲ့ တိုက်ရိုက်ဝယ်ယူ ချင်တဲ့သူတွေအတွက် Down payment ကို ညှိနှိုင်းပေးပြီး အတိုးမပါ နှစ်နှစ်အထိ အရစ်ကျပေးချေနိုင်ပါတယ်။ KBZ Bank နဲ့ ချိတ်ဆက်ဝယ်ယူ ချင်သူတွေအတွက် ခြောက်နှစ်အထိ အရစ်ကျ ပေးချေနိုင်မှာဖြစ်ပြီး AYA Bank နဲ့ ဝယ်ယူချင်သူတွေ အတွက်ကတော့ ၁ဝ နှစ်အထိ အရစ်ကျပေးချေ နိုင်မှာဖြစ်ပါတယ်'' ဟု ဦးနေမင်းသူက ပြောသည်။

Pinlon Village Residence ကို Universal Construction မှ တည်ဆောက်လျက်ရှိပြီး ယင်းဆောက်လုပ်ရေးကုမ္ပဏီသည် ရွှေဟင်္သာကွန်ဒိုနှင့် ပင်လုံဆေးရုံ တို့ကိုလည်း တည်ဆောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...