Social Icons

Pages

Friday, December 22, 2017

မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၂၂ ရွာကို လျှပ်စစ်ဓာတ်အားဖြန့် ဖြူးနိုင်ရေး 33/11KV ဖလံကျင်းဓာတ်အားခွဲရုံ တည်ဆောက်မှု ၅ဝ ရာခိုင်နှုန်းပြီးစီး



မိတ္ထီလာ ၂၂-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ ၂၂ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် 33/11KV (5) MVA ခွဲရုံ တည်ဆောက်ခြင်း၊ 33KV ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင် တည်ဆောက်ခြင်း၊11KV ဓာတ်အားလိုင်း ၂၂ မိုင်နှင့် 11/0.4KVç(200)KVA ထရန်စဖော်မာ ၂၂ လုံးတည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မန္တလေးလျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က ကြီးကြပ်ပြီး အောင်သောင်း ကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ ယခုအခါတွင် ၅ဝ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ သိရသည်။

မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ အုပ်စုဖလံကျင်းကျေးရွာ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အောင်သောင်းကုမ္ပဏီက တာဝန်ယူ၍ 33/11KV/ (5)MVA ခွဲရုံတည်ဆောက်ခြင်း၊ ဖလံကျင်းဓာတ်အားခွဲရုံကို ဒီဇင်ဘာပထမ ပတ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်း တည်ဆောက်ပြီးစီးပါက 33KV ဓာတ်အားလိုင်း ၇ ဒသမ ၅ မိုင်တည်ဆောက်ခြင်း၊11KV ဓာတ်အားလိုင်း၂၂မိုင်နှင့် 11/0.4KVç(200)KVA ထရန်စဖော်မာ ၂၂ လုံးတည်ဆောက်ခြင်းကို မြောက်လည်ကျေးရွာအုပ်စုမှ မြောက်လည်၊ထိန်ကန်၊ သိမ်းကုန်း၊ မုန်တိုင်ကျေးရွာအုပ်စုမှ ဖလံကျင်း၊မုန်တိုင်၊ သရက်ခြံ၊လဲတော၊ ညောင်ပင်သာ၊ သရက်ပင်ကျေးရွာအုပ်စုမှ အိုင့်ကုံး၊ ဆပ်ပြာကျင်း၊ သရက်ပင်(၇)၊ သရက်ပင်(န)၊ တပျော်ကျေးရွာအုပ်စုမှ မန်ကျည်းတန်း၊ လက်ပံအိုပ့်၊ ကြာကန်၊ သဲတော၊ ရှမ်းမငယ်ကျေးရွာအုပ်စုမှ သပြေကုံး၊ဂတ်ကုံး၊ ညောင်လည်၊ ရေဝေကျေးရွာအုပ်စုမှ ရေဝေ၊ အင်းမ၊ကန်သာစသည့် ကျေးရွာအုပ်စုခြောက်စုမှ ကျေးရွာ၂၂ရွာကို လျှပ်စစ်မီးများရရှိနိုင် ရေးအတွက် ဖလံကျင်းဓာတ်အားခွဲရုံကို ၂ဝ၁၈ခုနှစ် မတ်လတွင် အပြီးတည်ဆောက် သွားမည်ဖြစ်သည်။ ဆက်လက်၍ အဆိုပါဓာတ်အားခွဲရုံမှ ကျေးရွာပေါင်း ၅၂ရွာထိ ဓာတ်အားပေးနိုင်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာဦးယုမော် (အင်ဂျင်နီယာ)က ပြောကြားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...