Social Icons

Pages

Thursday, October 12, 2017

ပုဂံဒေသတွင် ဧည့်သည်များပြားသဖြင့် သီတင်းကျွတ်ကာလမှစ၍ e-bike ဆိုင်ကယ်ပြတ်လပ်သည်ထိ ငှားရမ်းနေရ



ညောင်ဦး ၁၂-၁၀-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ ယခုနှစ် သီတင်းကျွတ်ကာလမှစ၍ ယနေ့ထိ e-bike ဆိုင်ကယ်ငှားရမ်း လုပ်ကိုင်ကြသူများမှာ မိမိတို့ဆိုင်တွင် e-bike ဆိုင်ကယ်အစီးရေ ပြတ်လပ်သည်ထိ ငှားရမ်းနေရကြောင်း ပုဂံမြို့ဟောင်းရှိ e-bike ဆိုင်ကယ်ငှားရမ်းသူ များထံမှ သိရသည်။

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့ မှစ၍ပုဂံဒေသသို့ ဘုရားဖူးလည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပဧည့်သည်များသည် e-bike ဆိုင်ကယ်များစီး၍ လည်ပတ်လေ့လာကြ သူများပြားသည့်အတွက် ပုဂံဒေသအတွင်း e-bike ဆိုင်ကယ်ငှားရမ်း ကြသည့်ဆိုင်များတွင် ဆိုင်ကယ်များ ပြတ်လပ်သွားသည်ထိ ငှားရမ်းကြသဖြင့် ယခုနှစ်သီတင်းကျွတ် ကာလမှစ၍ ယနေ့အချိန်ထိ ယခင်နှစ်များထက်ပို၍ ငှားရမ်းနေရကြောင်း သိရသည်။

"သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော် ၁ရက်၊၂ရက်နေ့တွေမှာ ပုဂံဒေသမှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေမှာ ခရီးသွားဧည့်သည်တွေ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။ ကားတွေဆိုရင် ထားစရာနေရာကို မရှိဘူး။ ညအိပ်လာကြတဲ့ ဧည့်သည်တွေဆိုရင် တည်းခိုဖို့ အခက်အခဲကြောင့် ပခုက္ကူ၊ ပုပ္ပား၊ကျောက်ပန်းတောင်း မြို့တွေမှာ သွားတည်းရပါတယ်။ ဘယ်တုန်းကမှ ဒီနှစ်လို မစည်ကားခဲ့ပါဘူး။ကျွန်တော်တို့ e-bike ဆိုင်ကယ်ငှားတဲ့ဆိုင်တွေဆိုရင် ဒီနေ့ထိ တစ်နေ့တာအစီးရေ ပြတ်သွားတဲ့ထိ ငှားနေရပါတယ်။ ရှေ့ဆက်ပြီးတော့ဘဲ e-bike ဆိုင်ကယ်ကို ပြည်တွင်း၊ပြည်ပ ဧည့်သည်အားလုံး စိတ်ဝင်စားလာတဲ့အတွက် ငှားရမ်းသူတွေ ပေါများနိုင်ပါတယ်" ဟု ပုဂံမြို့ဟောင်းနေ e-bike ဆိုင်ကယ်ငှားရမ်းသူ ကိုအောင်လန်းက ပြောပြသည်။

e-bike ဆိုင်ကယ်များ ငှားရမ်းခအနေဖြင့် တစ်စီးလျှင် တစ်ဦးကိုငွေကျပ် ၇ဝဝဝ နှင့်နှစ်ဦးစီးလျှင်ငွေကျပ် ၁ဝဝဝဝ ပေးရကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...